အန်အယ်လ်ဒီပါတီ ဖွဲ့စည်းပုံ ပြင်ဆင် ဖွဲ့စည်း

ပို့စ်တင်ချိန် - 4/01/2014 07:02:00 PM


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)(အန်အယ်လ်ဒီပါတီ)ရဲ့ ရှေ့လုပ်ငန်းစဉ်များအဆင်ပြေ လွယ်ကူစေရန်နဲ့ ပါတီဝင်လွှတ်တော် အမတ်များ အပါအ၀င် အဖွဲ့ချုပ်အဆင့်ဆင့် အလုပ်အမှုဆောင်အဖွဲ့များအကြား အပြန်အလှန် စနစ်စကျ ချိတ်ဆက်ပြီး အချိန်နဲ့ တပြေးညီ အင်အားပြည့် ဆောင်ရွက်နိုင်ဖို့အတွက် အဖွဲ့ချုပ်(ဗဟို) ကို ပြင်ဆင် ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။

အဆိုပါ ဖွဲ့စည်းပုံတွင် ပါတီဥက္ကဋ္ဌကိုယ်တိုင် တာဝန်ယူထားသော ရေးရာကော်မတီ ၄ ခု၊ ဌာန ၈ ခု၊ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ အုပ်ချုပ်ရေးနဲ့ ရုံးအဖွဲ့၊ ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌတာဝန်ကို ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းကို တာဝန်ပေးပြီး အဖွဲ့ဝင်ကတ်ပြားထုတ်ဌာန၊ အုပ်ချုပ်ရေးနဲ့ ရုံးအဖွဲ့ကို ဦးထွန်းထွန်းဟိန်းကို လည်းကောင်း၊ ပါတီစာရင်းစစ်အဖွဲ့ကို လွတ်လပ်သောအဖွဲ့အဖြစ် လည်းကောင်း၊ လူမှုအထောက်အကူပြုနဲ့ ဥပဒေရေးရာအဖွဲ့ကို ပါတီနာယက ဦးတင်ဦးက ဦးဆောင်ပြီး သီးခြားရပ်တည် ချိတ်တွဲထားသည် အဖွဲ့များဖြင့် တာဝန်ပေးအပ် ဖွဲ့စည်းကြောင်း သိရပါတယ်။
DVB Burmese