အသံချဲ့စက် တစ်လုံးကြောင့် မုံရွာမှာ တစ်ရွာလုံးမီးလောင်မည့် ဘေးမှ ကံကောင်း၍ လွတ်မြောက်

ပို့စ်တင်ချိန် - 4/30/2014 02:23:00 PM


မုံရွာမြို့တောင်ဘက် ခုနစ် မိုင်ခန့်အကွာ ညောင်ဖြူပင်ရွာတွင် မြန်မာ နှစ်ဆန်း(၁)ရက် ဧပြီ ၁၆ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ ကြောင်းသိရသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ အုတ် ကာ၊ ပျဉ်ခင်းအိမ်တစ်လုံးနှင့် သက်ကယ်မိုး ထရံကာအိမ်တစ်လုံးတို့ မီးလောင်ကျွမ်း ဆုံး ရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရခြင်း မှာ အိမ်သူအိမ်သားများ ထမင်းကြော်စား ရာ မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းရ ခြင်းဖြစ်ကြောင်း၊ လူနှစ်ဦးအား စစ်ဆေးရန် ညောင်ဖြူပင်ရဲစခန်းမှ ထိန်းသိမ်းထား ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

''သင်္ကြန်ရက်အတွင်းဆို ရွာထဲမှာ လူမရှိလို့ သိလိုက်ရမှာမဟုတ်ဘူး။ ဒါတောင် ရွာတောင်ပိုင်း ကပ်ကျော်ကျောင်းက အသံ ချဲ့စက်နဲ့အော်လို့ တစ်ရွာလုံး ထွက်ငြှိမ်းကြ တာမို့ တခြားမကူးတာ။ ရွာက တောင်သူ တွေက ကြက်စာပြောင်းတွေ သိမ်းပြီးခါစ ဆိုတော့ တခြားသာကူးသွားရင် မလွယ်ဘူး''ဟု ဒေသခံတစ်ဦးက ပြောသည်။

မီးလောင်မှုကို မုံရွာမြို့နယ် မီး သတ်ဌာနမှ မီးသတ်ကားလေးစီး၊ မုံရွာမြို့ နယ်နှင့် ခရိုင်ရဲတပ်ဖွဲ့ဝင်များ ဒေသခံအင် အား ၁ဝဝ ကျော်ခန့်မှ ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ပြီး မိနစ်၂ဝအကြာတွင် မီးငြှိမ်းသတ်နိုင် ခဲ့ကြောင်း သိရသည်။
Flower News Journal