မေလ(၁)ရက်တွင် အလုပ်သမားတစ်ထောင် ဆူးလေ၌ ဆန္ဒပြမည်

ပို့စ်တင်ချိန် - 4/29/2014 08:06:00 AM


ရန်ကုန်၊ ဧပြီ ၂၈။

မေလ ၁ရက်၊ အလုပ်သမားနေ့တွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၌  နံနက်၁၁နာရီမှ နေ့လည် (၂)နာရီထိ အလုပ်သမား
တစ်ထောင်ခန့်က အလုပ်သမားအခွင်းအရေး များတောင်းဆိုဆန္ဒပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမား
သမဂ္ဂများကွန်ရက်မှ ကိုနန္ဒာစစ်အောင်က ပြောသည်။

“တစ်နေ့ အလုပ်ချိန် ၈နာရီသတ်မှတ်ပေးဖို့နဲ့ တစ်ရက်လုပ်ခ အနည်းဆုံး ၅ဝဝဝ၊ ၆ဝဝဝ ရရှိဖို့ပါ၊ ပြီးတော့ အခုအလုပ်သမား
အများစုက နေ့စားလရှင်းဖြစ်နေတယ်၊ သူတို့ကို လစာပေးစနစ် ကျင့်သုံးဖို့နဲ့ အလုပ်သမားတွေကို တစ်ဖက်သတ် အလုပ်မထုတ်ဖို့
တောင်းဆို သွားမှာပါ ” ဟု ၎င်းက ပြောသည်။

ဆန္ဒပြပွဲတွင် ရန်ကုန်မြို့အနီးရှိ စက်မှုဇုန် အသီသီးမှအလုပ်သမားများ ပါဝင်ဆန္ဒထုတ်ဖော် မည်ဖြစ်ပြီး၊ အများစုမှာလှိုင်သာယာ
စက်မှုဇုန်မှ ဖြစ်ကြောင်းသိရသည်။ အလုပ်သမားအခွင့်အရေးများအပြင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှ ပုဒ်မ၄၃၆၊၅၉(စ)၊ ပုဒ်မ၂၁၆၊၄၁၈အပြင်၆(ခ)၊၇(ခ)၊၆၀(ခ)စသည့်ပုဒ်မများ ပြင်ဆင်ရေးအတွက်လည်း ထည့်သွင်းတောင်းဆို သွားမည်ဖြစ်ပြီး
ဒီမိုကရက်တစ်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ပါဝင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆန္ဒပြပွဲအတွက်
ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ဧပြီ ၂၄ရက်က ခွင့်ပြုမိန့် တောင်းခံထားပြီး ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ ဆန္ဒပြသွားမည်
ဟု ကိုနန္ဒာစစ်အောင်က ဆက်လက် ပြောသည်။

ချမ်းမင်းဟန်

ဓာတ်ပုံ-သီဟသစ်

The Myanma Age