မန္တလေး ဈေးချိုဟိုတယ် မီးလောင်မှု ဖြစ်ပွား

ပို့စ်တင်ချိန် - 4/21/2014 11:28:00 AM


မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၈၄ လမ်း ၂၇×၂၈ လမ်းကြား၊ ဈေးချိုဟိုတယ်တွင် ဧပြီ ၂၀ ရက်နေ့ နံနက် ၂နာရီ၊ ၄၀ မိနစ်အချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဈေးချိုဟိုတယ် ဒုတိယထပ် ငွေစာရင်းခန်းနှင့် တွဲလျှက် ကွန်ပျူတာနှင့် ဝိုင်ဖိုင်လွှင့်ထားသော အခန်းရှိ လျှပ်စစ်ဝါယာကြိုးများ ဆက်သွယ်ထားသော နံရံမှ စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ငြိမ်းသတ်ရာ မရ၍ သက်ဆိုင်ရာသို့ အကြောင်းကြားရာ မီးသတ်ယာဉ် (၆၅)စီးဖြင့် ရောက်ရှိငြိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၃၀ မိနစ်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါမီးလောင်မှုကြောင့် လူ(၆)ဦး ဒဏ်ရာရရှိပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ငွေကျပ် (၄၂)သိန်း ခန့်ရှိကြောင်း သိရှိရသည်။



Myawady News