၁(က) ကားတွေ ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နိုင်တော့မည်

ပို့စ်တင်ချိန် - 4/02/2014 06:27:00 PM


၁(က) နံပါတ်တပ်ကားတွေကို လာမယ့် ဧပြီ ၄ ရက်နေ့ကစ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းခွင့်ရ ကားတွေအဖြစ် သတ်မှတ်ပေးသွားမယ်လို့ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန)က ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဒါအပြင် ၂(က) နံပါတ်တပ် ကားတွေကိုလည်း လာမယ့် အောက်တိုဘာ ၆ ရက်နေ့ကစ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်း စီမံချက်အဖြစ် သတ်မှတ်လက်ခံမယ်လို့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ကားတင်သွင်းခွင့် စနစ်မှာ ယာဉ်အိုယာဉ်ဟောင်းအပ်သူတွေကို ပါမစ် တစောင် ထုတ်ပေးပြီး တပတ်ရစ် ကားတစီး တင်သွင်းခွင့် ပေးပါတယ်။ ကျန် ပြည်သူတွေကိုတော့ ကားအသစ်တွေပဲ တင်သွင်းခွင့်ပေးထားပါတယ်။

ဒီအတွက် တပတ်ရစ်ကား တင်သွင်းလိုသူတွေဟာ ယာဉ်ဟောင်းအပ် စလစ်ကို ၀ယ်ယူကြ ရပြီး လက်ရှိ ကျပ် သိန်း ၁၀၀ ကျော် ပေါက်ဈေး ရှိနေကြောင်း စုံစမ်းသိရပါတယ်။

DVB Burmese