အမေရိကန်၏ ဒီမိုကရေစီ သေဆုံးခဲ့ပြီလား

ပို့စ်တင်ချိန် - 4/29/2014 01:28:00 PM




မည်းမှောင်သော ကြာသပတေးနေ့ဟု ခေါ်ဆိုကြသည့် အောက်တိုဘာ ၁၄ ရက် ၁၉၂၉ ခုနှစ် Wall Street တွင် စတော့ဈေးကွက် ပြိုလဲမှု၌
လူအများ စုရုံးနေပုံ။ ၎င်းစတော့ဈေးကွက် ပြိုလဲမှုကြောင့် ၁၉၃၀ ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဧပြီ ၂၈။

အမေရိကန်၏ ဒီမိုကရေစီမှာ တကယ့် ခြိမ်းခြောက်မှု အန္တရာယ် တစ်ရပ်နှင့် ရင်ဆိုင်နေရသည်။ သာမန် မဲဆန္ဒရှင်များထက် ပိုမိုပြီး
အစိုးရ၏ ဆုံးဖြတ်ချက်များကို လွှမ်းမိုးနိုင်သည့် ငွေကြေး၏ စွမ်းအားဖြစ်သည်။ ၎င်းကိစ္စရပ်မှာ နိုင်ငံရေးတွင် ဝမ်းနည်းစရာ
ကိစ္စရပ်ဟောင်း တစ်ခုဖြစ်သော်လည်း ဖြစ်ပေါ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများ၏ ခိုင်မာသော သက်သေကို ယခုအချိန်၌ လူမှုဗေဒ
သိပ္ပံပညာရှင်များမှ ရှာဖွေလျက် ရှိကြသည်။

ပြဿနာရပ်များမှာ ကျွန်ုပ်တို့၏ နိုင်ငံရေးဆိုင်ရာ မဲဆွယ်စည်းရုံးပွဲများတွင် ထောက်ပံ့မှု၌ ဖြစ်ပွားလျက် ရှိခြင်း ဖြစ်သည်။ မဲဆွယ်ပွဲများ၏
ဘဏ္ဍာရေးဆိုင်ရာ ပြန်လည်ပြုပြင်ပြောင်းလဲမှု အတိုက်အခံများမှာ အနားယူလျက် ရှိသည်။ ပြီးခဲ့သော နှစ်အနည်းငယ် အတွင်းတွင်
ဝါးတားဂိတ် ခေတ်ကာလ မဲဆွယ်ပွဲများ၏ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုမှ နိုင်ငံရေး ပါတီများနှင့် အထူးတရားရုံးများ
ဖြည်းညင်းစွာ ရုန်းထွက်နေသည်ကို မြင်တွေ့ခဲ့ရသည်။

အထူးတရားရုံးမှ မဲဆွယ်ပွဲများ၏ စည်းမျဉ်းစည်းကမ်းများ အပေါ် အခြေခံ ဥပေဒဆိုင်ရာ အတားအဆီးများကို ထုတ်ပြန်ရန် အမိန့်များကို
ချမှတ်လျှင် လွတ်လပ်သော အဖွဲ့အစည်းများမှ နိုင်ငံရေးသမားများ အပေါ်တွင် လွှမ်းမိုးနိုင်မည့် နည်းလမ်းများကို ရှာဖွေကာ ပြန်လည်
ပြုပြင်ရေးကို အတိုက်အခံပြုပြီး လက်ရှိစံနစ်မှာ ပိုမိုကောင်းမွန်ကြောင်း သက်သေပြကြသည်။ အနည်းဆုံး အနေဖြင့် ငွေကြေးနှင့်
စည်းရုံးရေးသမား Lobbyist များမှာ အမြဲတမ်းဆိုသလိုပင် နိုင်ငံရေးတွင် အစိတ်အပိုင်းများ အဖြစ် ပါဝင်ကြကြောင်းကို ပြောဆိုခဲ့ကြပြီး
ဘာမှ ဆက်လက်လုပ်ဆောင်စရာ မရှိကြောင်းနှင့် နိုင်ငံအနေဖြင့်လည်း အမြဲတမ်းဆိုသလိုပင် ရှင်သန်ခဲ့ကြောင်း ချေပပြောဆိုခဲ့ကြသည်။

၎င်းချေပပြောဆိုမှုများမှာ ကျွန်ုပ်တို့၏ ဒီမိုကရေစီ စံနစ်အပေါ် လွှမ်းမိုးနေသည့် ပုဂ္ဂလိကဆိုင်ရာ ငွေကြေးများ၏ အလွန်အမင်း ဆိုးရွားလှသည့်
အကျိုးဆက်များကို ထည့်သွင်းပြောဆိုမှု မရှိခဲ့ပေ။

ပြန်လည် ပြုပြင်ပြောင်းလဲရေး၏ အတိုက်အခံများမှာ နိုင်ငံမှ မညီမျှမှုများကို ဖန်တီးနေသည့် သက်သေသာဓကများကို မမြင်ချင်ယောင်
ဆောင်ထားကြပြီး တန်ဖိုးရှိသည့် မဲပေးပိုင်ခွင့်ကို လက်ဝယ်ကိုင်ဆောင်ထားသော နိုင်ငံသား အများအပြားအား မဲပေးခြင်းမှ ရုတ်သိမ်းရန်
အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေလျှက် ရှိသည်။

အခွန်စံနစ်ကဲ့သို့သော မူဝါဒများမှာ ပိုမိုချမ်းသာသော အမေရိကန်များကို လွဲချော်စေရန် အခွင့်အရေး ပေးလျက် ရှိပြီး မညီမျှမှုများကို
ပိုမိုဆိုးရွားစေသည့် သံသရာများအတွင်းမှ လွတ်မြောက်ရန် နိုင်ငံအတွက် အခွင့်အရေး မရှိတော့ပေ။ ဘဏ်ကြီးများသည် နိုင်ငံရေး မူဝါဒ
ချမှတ်သူများအပေါ်တွင် အကြီးအကျယ် လွှမ်းမိုးမှု ရှိခြင်းကို ၂၀၀၈ ခုနှစ် စီးပွားရေး အကျပ်အတည်းတွင် တွေ့ရှိခဲ့ကြရသည်။

အသိသာ အထင်ရှားဆုံး အရာများမှာ ငွေကြေး၏ လွှမ်းမိုးမှုဆိုင်ရာ ပုံသေ အကြောင်းအရာများနှင့် ဒီမိုကရက်တစ်ဆိုင်ရာ လုပ်ငန်းစဉ်ကို
ဝေဖန်မှုများအား စည်းရုံးရေးသမားများမှ အထောက်အပံ့ ပေးနေသည့် အကြောင်းများ ဖြစ်သည်။ နိုင်ငံရေးဆိုင်ရာ ပါဝင်ပတ်သက်မှုများ
ကို စိတ်ပျက်ဟန့်တားစေရာတွင် ပါဝင်သည့် ငွေကြေး၏ အခန်းကဏ္ဍကြောင့် အမြင်လွဲမှားမှုများ ပေါ်ပေါက်လျက် ရှိသည်။

သို့ရာတွင် အကျိုးသက်ရောက်မှုများမှာ ကျွန်ုပ်တို့ တွေးထင်ထားသည်ထက်ပင် ပိုမိုဆိုးရွားစေနိုင်လျက် ရှိသည်။ ဦးခေါင်းများကိုပင်
လည်ပြန် လှည့်စေနိုင်မည့် ပညာရပ်ဆိုင်ရာ စာတမ်းတစ်ခုတွင် ကျွန်ုပ်တို့ နိုင်ငံရေး လုပ်ငန်းစဉ် အကျိုးဆက်များကြောင့် ပိုမို ချမ်းသာ
ကြွယ်ဝသည့် အမေရိကန်များမှာ မညီမျှသော အချိုးအစားများဖြင့် အစိုးရ၏ ပြည်သူလူထု ဆိုင်ရာ မူဝါဒများတွင် သြဇာလွှမ်းမိုးလျက် ရှိပြီး
သာမန်ပြည်သူများမှာ ပိုမိုချမ်းသာသော အမေရိကန်များနှင့် သဘောတူညီသည့် အခါများတွင်သာ လွှမ်းမိုးနိုင်သည့် ပုံ ဖော်ပြလျက် ရှိပြီး
အကယ်၍ သဘောမတူညီခဲ့ပါက ၎င်းတို့ အနေဖြင့် ရှုံးနိမ့်မည် ဖြစ်ကြောင်း အချက်ကို ဖော်ပြခဲ့သည်။

သင့်တော်သည့် လူထုဆိုင်ရာ သတင်းအချက်အလက်များ၊ ထင်မြင်ချက်များနှင့် နိုင်ငံရေး မူဝါဒပေါင်း ၁၇၇၉ ခုအား အနှစ် ၂၀ ကျော်
လေ့လာခဲ့သည့် ၎င်းစာတမ်းတွင် အမေရိကန် အများစုမှာ အစိုးရ၏ မူဝါဒ ထုတ်ပြန်မှုများ အပေါ်တွင် အကျိုးသက်ရောက်မှု အနည်းငယ်
သို့မဟုတ် လုံးဝမရှိကြောင်း တွေ့ရှိခဲ့ရသည်။ ကျွန်ုပ်တို့၏ မူဝါဒဆိုင်ရာ စံနစ်များ အလုပ်လုပ်ပုံကြောင့် ဖြစ်သည်။ ချမ်းသာ
ကြွယ်ဝသူများမှ ဆန့်ကျင်သည့် မူဝါဒများကို ၎င်းတို့အနေဖြင့် ငွေကြေးအသုံးပြုပြီး ပိတ်ဆို့ထားနိုင်သောကြောင့် ဖြစ်သည်။

ဆယ်စုနှစ်အချို့ နေရာယူလာသည့် အမြင့်မားဆုံး ပြောင်းလဲလာမှု ဖြစ်သည်။ ၁၉၇၀ ဝန်းကျင်၌ ဗဟိုအစိုးရ ချဲ့ထွင်သကဲ့သို့ပင် စီးပွားရေး
ဆိုင်ရာများကို စုစည်းမှုနှင့် ပိုမိုချမ်းသာ ကြွယ်ဝသော အမေရိကန်များ၏ တိုးတက်မှုမှာ ပိုမိုတိုးတက် အရှိန်ရလာခဲ့သည်။

ပေါလ်ပီရဲ့ဆင်နှင့် ဂျက်ကော့ဟက်ကာတို့ ပူးတွဲရေးသားသည့် “ Winner Take All Politics ” စာအုပ်တွင် ကော်ပိုရိတ်များ၊ ဘဏ္ဍာရေး
ကွန်မြူနတီများ၏ ကြံ့ခိုင်မှုနှင့် သိပ်သည်းမှုများသည် ဝါရှင်တန်အား မြင့်မားရှုပ်ထွေးလှသည့် ဆွဲဆောင်စည်းရုံးသိမ်းသွင်းခြင်းများနှင့်
မဲဆွယ်ပွဲများတွင် လှုဒါန်းမှု နည်းလမ်းများစွာတို့ဖြင့် ၎င်းတို့၏ နိုင်ငံရေး မူဝါဒ ချမှတ်သူများအပေါ်တွင် လွှမ်းမိုးမှုကို ပိုမို မြှင့်တင်လျက်
ရှိကြောင်း ဖော်ပြခဲ့သည်။

ရောနယ်ရေဂင်မှ ၁၉၈၁ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည့် အခွန်ဖြတ်တောက်မှုမှ စတင်ပြီး ချမှတ်ခဲ့သော အခွန်ကင်းလွတ်ခွင့်များသည်
ချမ်းသာသည့် အမေရိကန်များကို ပိုမို အကျိုးရှိစေပြီး စီးပွားရေးဆိုင်ရာ ဖြေလျော့မှုများတွင်လည်း ၎င်းတို့အတွက်သာ အကျိုးရရှိစေခဲ့သည်။

၎င်းတွေ့ရှိမှုများမှာ အမေရိကန်များကို တုန်လှုပ်စေသင့်ပြီး ကျွန်ုပ်တို့ ရင်ဆိုင်နေရသော မဲဆွယ်ပွဲဆိုင်ရာ ဘဏ္ဍာရေး ဥပဒေ လျော့ချမှုနှင့်
ဆွဲဆောင်စည်းရုံးမှုများ အပေါ်တွင် လေးနက်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ရန် ပျက်ကွက်ခြင်းအတွက် ထပ်မံ၍ ပိုမိုသော သက်သေ
သာဓကများကို ထုတ်ဖော်သွားစေသင့်ပေသည်။

လွပ်လပ်စွာ ပြောဆိုခွင့်နှင့် ယှဉ်ပြိုင်မှုပြုရန် လိုအပ်ခြင်းများအပေါ် ချေပပြောဆိုမှုများအတွက် ကျွန်ုပ်တို့ အနေဖြင့် အမေရိကန် အများစု၏
အသံများ ပါဝင်ခြင်း မရှိသော နိုင်ငံရေး စံနစ်နှင့် ပိုမိုဆိုးရွားသည့် ဘက်လိုက်ဆောင်ရွက်မှုများအပေါ်တွင် သေချာစွာ လေ့လာစောင့်ကြည့်ရန်
လိုအပ်လျက် ရှိသည်။

 ယခုကိစ္စရပ်သည် လက်ဝဲဝါဒီဖြစ်စေ၊ လက်ယာဝါဒီဖြစ်စေ သို့မဟုတ် နည်းပါးသည့် ဗဟို ဝါဒီများပင် ဖြစ်စေ သဘောတူညီမှုရှိရမည့် ကိစ္စရပ်
တစ်ခုဖြစ်သည်။ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်မှု မရှိခဲ့လျှင် အမေရိကအား ထူထောင်ခဲ့သည့် ဒီမိုကရေစီ စံနစ်အား ငွေကြေးမှ ဖျက်ဆီးခြင်းကို
ခွင့်ပြုသကဲ့သို့ပင် ဖြစ်စေတော့မည် ဖြစ်သည်။

ဂျူလီယာဇယ်လီယာ

ပရင့်စတန် တက္ကသိုလ်မှ သမိုင်းနှင့် ပြည်သူလူထု ဆိုင်ရာ ဆက်ဆံရေး ပါမောက္ခ၊ “ Jimmy Carter ” “ Governing America ” စာအုပ်တို့ကို
ရေးသားသူ။

ဘာသာပြန်သူ-ကိုဒူး

The Myanma Age