သင်္ကြန်မှုခင်းဖြစ်ပွားမှု

ပို့စ်တင်ချိန် - 4/17/2014 08:42:00 PM


နေပြည်တော်၊ ဧပြီ ၁၇
နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးတွင် ၂၀၁၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ မဟာသင်္ကြန်အတက်နေ့တွင် သင်္ကြန်နှင့်ပတ်သက်သည့် မှုခင်းဖြစ်ပွားမှုများမှာ လူသတ်မှု(၁)မှု၊ (၁ ဦး သေဆုံး၊ ၁ ဦးဒဏ်ရာရ)၊ မုဒိမ်းမှု(၁)မှု၊ ယာဉ်မတော်တဆမှု(၉)မှု၊ (၅၀ ဦးဒဏ်ရာရ)၊ ခိုက်ရန် ဖြစ်ပွားမှု(၃၁)မှု (၄၅ ဦးဒဏ်ရာရ)၊ ကာအိနြေ္ဒဖျက်ဆီးမှု(၁)မှု၊ အခြား အမှု(၂)မှု၊ ခိုးမှု/ခါးပိုက် နှိုက်မှု(၂၆)မှု၊ သေမှုသေခင်း(၁)မှု (၁ ဦးသေဆုံး)၊ လက်နက်ကိုင်ဆောင်မှု(၆)မှု၊ စုစုပေါင်း(၇၈)မှု ဖြစ်ပွားပြီး (၂)ဦးသေဆုံး၊ (၉၆)ဦးဒဏ်ရာရရှိခဲ့ပါသည်။
မဟာသင်္ကြန်ကာလ(၄)ရက်အတွင်း လူသတ်မှု (၅)မှု၊ (၅)ဦးသေဆုံး၊ (၆)ဦးဒဏ်ရာရ၊ မုဒိမ်းမှု (၃)မှု၊ ယာဉ်မတော်တဆမှု (၂၅)မှု၊ (၄ ဦးသေဆုံး၊ ၈၈ ဦးဒဏ်ရာရ)၊ ခိုက်ရန်ဖြစ်ပွားမှု (၆၄)မှု၊ (၁၀၂ ဦး ဒဏ်ရာရ)၊ ၀တ်္တရားနှောက်ယှက်မှု (၂)မှု၊ (၂ ဦးဒဏ်ရာရ)၊ မူးယစ်ရမ်းကားမှု (၁၃)မှု၊ ကာအိနြေ္ဒဖျက်ဆီးမှု (၅)မှု၊ အခြားအမှု (၆)မှု၊ ခိုးမှု/ခါးပိုက်နှိုက်မှု (၅၂)မှု၊ သေမှုသေခင်း (၅)မှု၊ (၆ ဦးသေဆုံး)၊ လက်နက်ကိုင်ဆောင်မှု (၁၄)မှု၊ စုစုပေါင်း(၁၉၄)မှုဖြစ်ပွားပြီး (၁၅)ဦးသေဆုံး၍ (၁၉၈)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ်၊ မဟာသင်္ကြန်ကာလတွင် စုစုပေါင်းအမှု (၁၇၇)မှုဖြစ်ပွားခဲ့ပြီး (၃၂)ဦးသေဆုံး၍ (၁၉၀)ဦးဒဏ်ရာရရှိခဲ့ရာ ၂၀၁၃ ခုနှစ်၊ မဟာသင်္ကြန်ကာလနှင့်နှိုင်းယှဉ်လျှင် ၂၀၁၄ ခုနှစ်တွင် အမှုပေါင်း(၁၇)မှု ပိုမိုဖြစ်ပွားသော်လည်း သေဆုံးသူ(၁၇)ဦးလျော့နည်းပြီး ဒဏ်ရာရရှိသူ (၈)ဦး ပိုမိုဖြစ်ပွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

ရဲဇာနည်