ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အလုပ်သမားတစ်ဦး ဓါတ်လိုက်သေဆုံး

ပို့စ်တင်ချိန် - 4/26/2014 09:42:00 PM


ရန်ကုန်၊ ဧပြီ ၂၆

၂၅.၄.၂၀၁၄ ရက်နေ့ ၁၉၁၅ အချိန်တွင် ဒေါပုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ
သည် ရန်ကုန်ဆေးရုံကြီး၌ အမျိုးသားတစ်ဦး ဓါတ်လိုက်သေဆုံးကာ
ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ကိုတင့်ဇော်၊(၂၃)နှစ်၊ သံချည်သံကွေးလုပ်သား၊ လှိုင်သာယာမြို့နယ်နေသူ
ဖြစ်ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ၁၈၀၀ အချိန်ခန့်က ဒေါပုံမြို့နယ်၊ ကျည်စု
ရပ်ကွက်၊ ကန်သာယာ(၂)လမ်းရှိ ကန်ထရိုက်တိုက်ဆောက်လုပ်ရေး
လုပ်ငန်းခွင်၌ လုပ်ကိုင်နေစဉ် အလျား(၃၀)ပေ၊ လုံးပတ်(၅)မူးလုံးရှိ သံချောင်းအား တိုက်၏(၃)လွှာပေါ်သို့ အောက်မှထိုးတင်ပေးရာမှ အနီးရှိ
လျှပ်စစ်ဓါတ်တိုင်တွင်သွယ်တန်းထား သောဓါတ်ကြိုးနှင့် သံချောင်းတို့ထိမိ
ကာ ဓါတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးခြင်းနှင့်ပတ်သက်၍ ဒေါပုံမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၅/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိ
ပါသည်။

Yangon Police