ရပ်ထားသောယာဉ်အား ၀င်တိုက်မိပြီး ယာဉ်မတော်တဖြစ်ပွားခြင်း

ပို့စ်တင်ချိန် - 4/15/2014 09:06:00 AM



၂၀၁၄ ခုနှစ် ဧပြီလ (၁၄) ရက် နံနက် (၀၄း၃၀) နာရီ အချိန်ခန့်တွင် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၆/၃ နှင့် ၃၁၆/၄ ကြား (အသွားလမ်း)၌ ရန်ကုန်မှ မန္တလေးသို့ ဦးကျော်မြင့်ဦး မောင်းနှင်လာသည့် တက်လမ်း Express ယာဉ်သည် စက်ပျက်၍ ရပ်ထားသော နေလ Express ယာဉ်အား နောက်မှဝင်တိုက်မိပြီး ယာဉ်မတော်တဆ ဖြစ်ပွားခဲ့ပါသည်။



တက်လမ်းယာဉ်မှ ယာဉ်မောင်းအကူ မောင်စိုးသူ ၊ အသက်(၂၀)နှစ်မှာ ကားနှစ်စီးကြားတွင် ညှပ်၍ သေဆုံးပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသမီး (၁)ဦး (၃၅)နှစ်မှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားပါသည်။ တက်လမ်းယာဉ်မှ ဒဏ်ရာရသူ (၇)ဦးနှင့် နေလယာဉ်မှ ဒဏ်ရာရသူ(၁)ဦးအား မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ယာဉ်များမှာ နောက်ပိုင်းပျက်စီးသွားခဲ့ပြီး အဆိုပါယာဉ်မတော်တဆမှုကို သက်ဆိုင်ရာနယ်မြေရဲစခန်း က အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

Yangon-Mandalay Expressway