လန်ဒန်မြို့မှ တောင်းရမ်းစားသောက်သူများ တစ်ပတ်လျှင် စတာလင်ပေါင် ၂၈ဝဝ ရရှိ

ပို့စ်တင်ချိန် - 4/29/2014 04:27:00 PM


လန်ဒန်မြို့ ဘာမင်ဂမ်အရပ်ရှိ တောင်းရမ်း စားသောက်သူများသည် တစ်ပတ်လျှင်ဝင်ငွေ စတာလင်ပေါင် ၂၈ဝဝ တောင်းရမ်းရရှိပြီး အဆိုပါငွေများမှာအရက်သောက်ခြင်းနှင့်မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့်
ကုန်လေ့ရှိကြောင်း Big Issue မဂ္ဂဇင်း၏ ထုတ်ဝေသူများက ဆိုသည်။ Big Issue မဂ္ဂဇင်းအား ဂျွန်ဘတ် နှင့် ဂေါ်ဒင်ရော့ဒစ်က ၁၉၉၁ ခုနှစ် စက်တင်ဘာတွင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အိမ်ရာမဲ့များ ကိုယ်ပိုင် ဝင်ငွေရရှိစေရန် ရည်ရွယ်သော ပရဟိတလုပ်ငန်းတစ်ခုဖြစ်သည်။

''တောင်းရမ်းစားသောက်တာက တရားဝင်ခွင့်ပြုထားတာ မဟုတ်ပေမယ့် ဒီလူတွေက ပိုက်ဆံအတော်ရကြတယ်။ နောက်ပြီး သူတို့က ပိုက်ဆံမစုမိဘူး။ ဘယ်တော့မှ လက်ထဲမှာ ပိုက်ဆံမရှိဘူး။ မူးယစ်သောက်စားတာနဲ့ပဲကုန် တယ်'' ဟု Big Issue ၏မန်နေဂျာတစ်ဦးက ဆိုသည်။

သို့ရာတွင် Big Issue မဂ္ဂဇင်းအား လက်ပွေ့ရောင်းချသူ အိမ်ရာမဲ့များမှာ တစ်နေ့လျှင် စတာလင် ပေါင် ၃၅ သာဝင်ငွေရသော်လည်း ကိုယ့်ခြေထော က် ပေါ် ကိုယ်ရပ်တည်နိုင်ကြောင်း ၎င်းက ဆိုသည်။

''လက်ပွေ့ရောင်းသူတွေက အနိုင်ကျင့်ခံရကောင်း ခံရနိုင်တယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လမ်းလုံခြုံရေးတွေကို စောင့်ကြည့် ဖို့ မေတ္တာရပ် ခံထားပါတယ်။ အိမ်ရာမဲ့သူ တွေက အလုပ်လေးတစ်ခု လိုချင်ကြတယ်။
အခု သူတို့ကို လက်ပွေ့ရောင်းတဲ့ အလုပ်ပေးထားတယ်။ တကယ်ခက် တဲ့အလုပ်ပါ။ တောင်းရမ်းစားတဲ့ဘဝကနေ အပြောင်းအလဲ လုပ်ချင်တဲ့ သူတွေအတွက် နည်းလမ်းကောင်းတစ်ခုပါပဲ'' ဟု ၎င်းကဆိုသည်။ အဆိုပါ လက်ပွေ့ရောင်းချသူများသည် မဂ္ဂဇင်းတစ်အုပ်လျှင် ၁ ဒသမ ၂၅
စတာလင်ပေါင် ပေးချေရပြီး ၂ ဒသမ ၅ဝ စတာ လင်ပေါင်ဖြင့် ပြန် ရောင်းခွင့်ရှိကြောင်း သိရသည်။

Popular Journal