ကားတိုက်မိ၍ နွားလည်းပေါ်က အမျိုးသမီးသေဆုံး

ပို့စ်တင်ချိန် - 4/12/2014 11:21:00 AM


ကလေး၊ ဧပြီ ၁၂။

ဧပြီလ (၁၁) ရက်၊ နံနက် ၄ နာရီခန့်က ကလေးမြို့၊ အင်ဒိုင်းကြီး- ဖောင်ကူး ကားလမ်းမဟောင်းပေါ်တွင် ၆ ဘီးကားတစ်စီးမှ
နွားလှည်းအားကျော်တက်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားပြီး လှည်းပေါ်လိုက်ပါလာသော အမျိုးသမီးတစ်ဦးမှာ နေရာတွင်ပင်
သေဆုံးသွားခဲ့ပြီး အခြားအမျိုးသမီးနှစ်ဦးမှာ ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အင်ဒိုင်းကြီး- ဖောင်ကူး လမ်းဟောင်းပေါ်တွင် အင်ဒိုင်းကြီးကျေးရွာနေ ဦးအုံးမောင် မောင်းနှင်ပြီး နောက်တွင် အလုပ်သမား
၅ ဦး လိုက်ပါစီးနင်းသောနွားလှည်းကို   အနီရောင်  ဟီးနိုး ၆ ဘီးကား (န/၂၂၂၁)သည် ကျော်တက်ရာမှ နွားလှည်းနှင့် ၆-ဘီးကား
ယဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်မတော်တဆဖြစ်ပွားမှုတွင် ယင်း ၆ ဘီးကားသည်  ဝဲဘက် လှည်းဘီးအားချိတ်မိခဲ့ရာမှ နွားလှည်းပေါ်တွင် လိုက်ပါလာသော ၁၄
နှစ်အရွယ် မနှင်းအိစံမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ အသက် ၁၉ နှစ်နှင့် ၂၃ နှစ်အရွယ် အခြားမိန်းကလေး နှစ်ဦးမှာလည်း ဒဏ်ရာများ
ရရှိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် နွားလှည်းပေါ် လိုက်ပါသူများမှာ သေဆုံးမှုအပြင် ဒဏ်ရာများရရှိခဲ့သဖြင့်  မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ အဲပေါက်စ(ခ) အောင်ကျော်လင်းအား
ဥပဒေအရ အရေးယူပေးပါရန် ရဲအုပ်ဝင်းထွဋ်ရှိန်က ကလေးရဲစခန်းတွင် တိုင်တန်းထားကြောင်း၊ ကလေးရဲစခန်းက (ပ)  ၄၂/ ၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၃၇/၃၃၈/၃၀၄(က) အရ အရေးယူထားကြောင်း သတင်းရရှိသည်။
The Myanma Age