ကျပ်သိန်း(၁၂၀၀၀)တန်ဘိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 4/05/2014 09:26:00 PM



နေပြည်တော်၊ ဧပြီ ၅
၂၀၁၄ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ အမှတ်(၂၄)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(လားရှိုး)မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မူဆယ်-လားရှိုးပြည်ထောင်စုလမ်း၊ ဘုံမွန်စိုက်ခင်းအနီးတွင် မူဆယ်မှလားရှိုးဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ အောင်ပင်လယ်ရွာနေ စိုးမြင့်နောင်(၄၀)နှစ်မောင်းနှင်ပြီး ဇနီးဖြစ်သူ မမန်ခမ်းဆီ (၅၂)နှစ်လိုက်ပါလာသည့် ၈A/xxxx ဗင်အဖြူရောင်ယာဉ်အား ရပ်တန့်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ယာဉ်မောင်းနောက်ခန်းရှိထိုင်ခုံအောက် အံဝှက်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၆)သိန်း၊ တန်ဘိုးငွေကျပ်သိန်း(၁၂၀၀၀)အား တွေ့ရှိသိမ်းဆည်းရမိ ခဲ့သောကြောင့် စိုးမြင့်နောင်နှင့်မမန်ခမ်းဆီတို့ ၂ ဦးအား လားရှိုးနယ်မြေရဲစခန်း မယ(ပ)၁၉/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်