လိင်စိတ်ကြွဆေးဝါးများ ရောင်းချသူအား ဖမ်းဆီးအရေးယူ

ပို့စ်တင်ချိန် - 4/27/2014 07:24:00 PM


ရန်ကုန်၊ ဧပြီ ၂၇

၂၆.၄.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ
နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လိင်စိတ်ကြွဆေးပြားများရောင်းချ
နေကြောင်းသတင်းအရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူးနှင့်အဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူးအဖွဲ့တို့နှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ (င/က)ရပ်ကွက်၊ ဇာဝေယာလမ်းရှိ သစ်လွင်(ခ)
ရက်ဇက်၊ (၁၈)နှစ်၊ (ဘ)ဦးသန့်ဇော်၊ ရန်ဝေးလမ်း၊ ရန်အောင်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ၏ဆေးဆိုင်သို့ ၀င်ရောက်ရှာဖွေခဲ့ပါသည်။

ထိုသို့ရှာဖွေရာ ဆိုင်အတွင်း၌ လိင်စိတ်ကြွဆေးဝါးမျိုးစုံအား တွေ့ရှိ
သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ ၁၃၃၀ အချိန်တွင် ၎င်း၏နေအိမ်သို့ သွားရောက်ရှာဖွေရာ နေအိမ်အတွင်းမှ လိင်စိတ်ကြွဆေးဝါးမျိုးစုံအား ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် သစ်လွင်(ခ)ရက်ဇက်အား သုဝဏ္ဏနယ်မြေ
ရဲစခန်း(ပ)၁၃၀/၂၀၁၄၊ အမျိုးသားဆေးဝါးဥပဒေပုဒ်မ-၁၈ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police