သရုပ်ပျက်ဝတ်စားဆင်ယင်ပါက ၀တ်စားဆင်ယင်မှုထိန်းသိန်းရေးကော်မတီမှ စောင့်ကြည့်သတိပေးမည်

ပို့စ်တင်ချိန် - 4/08/2014 04:14:00 PM




ရန်ကုန် ဧပြီ ၇

မြန်မာ့ရိုးရာ မဟာသင်္ကြန်ရက်များတွင် ရန်ကုန်တိုင်းဒေသကြီး
အတွင်းရှိ မဏ္ဍပ်ကြီးငယ်များပေါ်တွင် ရေပက်ကစားကြမည့် အမျိုး
သမီး များအား သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ မဝတ်ဆင်ကြစေရေး
အတွက် စောင့်ကြည့်သတိပေးခြင်း များကို သက်ဆိုင်ရာမြို့နယ်အလိုက်
ဆောက်ရွက်သွားမည်ည်ြဖစ်ကြောင်း သိရှိရပါသည်။

ရန်ကုန်မြို့တော်အတွင်းရှိ မဏ္ဍပ်များအားလုံးတငွ် အမျိုးသမီး များအား
ယမန်နှစ်များကကဲ့သို့ ဝေဖန်ပြစ်တင်မှုများမှ ကင်းဝေးစေရန် ယခု
ကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

မြို့နယ်အလိုက် မဏ္ဍပ်များမှအမျိုးသမီးများ၏ ဝတ်စားဆင်ယင်
ခြင်းကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် လုံးဝမကိုက်ညီသည့် လွန်ကဲစွာ
သရုပ်ပျက်ခြင်းများကို စောင့်ကြည့်သူများ ထားရှိကာ မှတ်တမ်းတင်ပြီး
အဆိုပါသူများမှတစ်ဆင့် ခေါ်ယူသတိပေးသွားမည် ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ယဉ်ကျေးမှုဝန်ကြီးဒေါ်စန်းစန်းနွယ်က မြန်မာ့
အလင်းသို့ပြောကြားသည်။

''မဏ္ဍပ်တိုင်းမှာ သရုပ်မပျက်စေဖို့စောင့်ကြည့်သူတွေကို ထားရှိမယ်။
မနှစ်ကသင်္ကြန်မှာ အင်တာနက် တွေပေါ်အထိ သရုပ်ပျက်ဝတ်စား
ဆင်ယင်မှုတွေ ဖော်ပြတာခံရလို့ ဒီနှစ်မှာအခုလို သတိပေးရတာဖြစ်
ပါတယ်။

မြန်မာအမျိုးသမီးတွေအားလုံးခေတ်နဲ့အညီ လိုက်လျော
ညီထွေစွာဝတ်တာကို မပြောလိုပါဘူး ။ သို့သော်ယဉ်ကျေးမှုနဲ့ ကိုက်ညီမှု
မရှိတဲ့ သရုပ်ပျက်ဝတ်ဆင်မှုတွေ ကိုတော့ တားမြစ်ရမှာဖြစ်ပါတယ်။

မဏ္ဍပ်ကြီးတွေမှာ စီစီတီဗွီ ကင်မရာတွေရှိပါတယ်။ အဲဒီကနေတစ်ဆင့်
လည်း သရုပ်ပျက်ဝတ်စားသူတွေကိုခေါ်ယူသတိပေးတာမျိုး၊ လဲလှယ်စေတာမျိုး ပြုလုပ်သွားမှာပါ။

အဲဒီအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ မြန်မာ့ရိုးရာ
ယဉ်ကျေးမှုနှင့် မဆီလျော်သောဝတ်စားဆင်ယင်မှု ထိန်းသိမ်းရေး
ကော်မတီကို ဆပ်ကော်မတီအနေနဲ့ဖွဲ့စည်းထားပြီးသားဖြစ်ပါတယ်''ဟု
တိုင်း ဒေသကြီး ယဉ်ကျေးမှုဝန်ကြီး ကပြောကြားသည်။

ထိုကဲ့သို့ တားမြစ်မှုများကိုလူငယ်များအကြား သိမြင်မှုနည်းပါး
နေသေးကြောင်း စနစ်တကျကိုင်တွယ်တားမြစ်သင့်ကြောင်း ပါတီ
ရော့ခ်မဏ္ဍပ် ဆောက်လုပ်သည့် လူငယ်ဒါရိုက်တာ ကိုအောင်မြတ်က ပြော
ကြားသည်။

ခင်ရတနာ
မြန်မာ့အလင်းသတင်းစာ