ရခိုင်ရှိ အဖွဲ့အစည်းဝန်ထမ်းများလုံခြုံရေးကိစ္စ ဘန်ကီမွန်း သမ္မတဦးသိန်းစိန်ထံ ဖုန်းဆက်

ပို့စ်တင်ချိန် - 4/02/2014 02:15:00 PM

photo-internet

နေလင်းထွန်း
Location:
ရန်ကုန်


ရခိုင်ပြည်နယ်ရှိ လူသား ချင်းစာနာထောက်ထားမှု ဆိုင်ရာ ၀န်ထမ်းများ၏ လုံခြုံရေးအတွက် ကာကွယ်ပေးရန် ကုလသမဂ္ဂအ တွင်းရေးမှူးချုပ် ဘန်ကီမွန်းက သမ္မတဦးသိန်းစိန်အား တယ်လီ ဖုန်းဖြင့်ဆက်သွယ်၍ တိုက်တွန်း လိုက်သည်။

ကုလသမဂ္ဂနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အ စည်းများ၏ ပိုင်ဆိုင်မှုများနှင့် ၀န် ထမ်းများတိုက်ခိုက်ခံရမှုအပေါ် မစ္စတာဘန်ကီမွန်းက သမ္မတ ဦးသိန်းစိန်ထံ မတ်လ ၃၀ ရက် တွင် တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း ကုသလမဂ္ဂ က သတင်းထုတ်ပြန်သည်။

မြန်မာအစိုးရ အနေဖြင့် သက်ဆိုင်ရာ သဘောတူညီချက် များနှင့်အညီ ၀န်ထမ်းအားလုံး၏ အသက်အန္တရာယ်လုံခြုံမှုနှင့် ပိုင် ဆိုင်မှုများကို ကာကွယ်ရမည့်တာဝန်ဝတ္တရားကို စွဲကိုင်ထားရန် မစ္စတာဘန်ကီမွန်းက တိုက်တွန်း ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် လူသား ချင်းစာနာထောက်ထားမှုနှင့် လူ အခွင့်အရေးဆိုင်ရာ စိုးရိမ်ပူပန် မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂ နှင့် အခြားအစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများ၏ ခိုင်မာသော ရပ်တည်မှုအတွက် မြန်မာအစိုးရက ကူညီပေးရန် မစ္စတာဘန်ကီမွန်းက တောင်းဆို ခဲ့သည်။

ထို့ပြင် နိုင်ငံတစ်ဝန်းသန်း ခေါင်စာရင်းကောက်ယူရာတွင် ရခိုင်လူမှုအဖွဲ့အစည်းများအ ကြား မကျေနပ်မှုများ မြင့်တက် နေမှုအပေါ် ငြိမ်းချမ်းသော နည်း လမ်းဖြင့် ဆောင်ရွက်ရန် အရေး ကြီးကြောင်း ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်က ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ရခိုင်ပြည်နယ်တွင်သာမက တစ်နိုင်ငံလုံးတွင် သန်းခေါင်စာ ရင်း ကောက်ယူနေမှုများသည် နိုင်ငံတကာ လုပ်ထုံးလုပ်နည်း၊ လူ့အခွင့်အရေး စံနှုန်းများနှင့် ကိုက်ညီနေရန် မျှော်လင့်ပြီး မြန်မာနိုင်ငံပြုပြင်ပြောင်းလဲမှုအတွက်ဆက်လက်ထောက်ပံ့သွား ရန် မစ္စတာဘန်ကီမွန်းက   ထပ်မံ ကတိပြုပြောဆိုခဲ့ကြောင်း သိရ သည်။

7 day daily