ရဟတ်ယာဉ်ဖြင့် နှစ်သစ်ဦးမင်္ဂလာ အန္တရာယ်ကင်းပရိတ်ရေများ ဖျန်းပက်မေတ္တာပို့သ

ပို့စ်တင်ချိန် - 4/18/2014 08:26:00 AM


နိုင်ငံတော် ဩဝါဒါစရိယ နေပြည်တော် ပျဉ်းမနားမြို့နယ် မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာတော် သံဃာတော် များသည် သာသနာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်ဌေး၊ နေပြည်တော်ကောင်စီဝင် ဦးမျိုးညွန့်နှင့် တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက်(၇)နာရီခွဲတွင် ရဟတ် ယာဉ်ဖြင့် နေပြည်တော် ကောင်စီ နယ်မြေ အတွင်း လှည့်လည်၍ ဆရာတော် သံဃာတော်များက နှစ်သစ်ဦး မင်္ဂလာအန္တရာယ် ကင်းပရိတ် တရားတော် များကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြပြီး ပရိတ်ရေတို့ဖြင့် ဖျန်းပက်ပေးကြကာ မေတ္တာပို့ သကြသည်။

MOI Webportal Myanmar