တစ်ယောက်တစ်ခွန်း စကားများရာမှ ဇနီးဖြစ်သူအား ယောက်ျားဖြစ်သူက ဓါးဖြင့်ခုတ်

ပို့စ်တင်ချိန် - 4/10/2014 05:57:00 PM



တောင်ငူ ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ကသဲစုကျေးရွာတွင် ဧပြီလ (၆) ရက်၊ (၂၃း၅၀)နာရီအချိန်က ဇနီးဖြစ်သူအားဓါးဖြင့်ခုတ်သည့်အမှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ကိုဇော်နောင်(၃၅)နှစ်၊ (ဘ)ဦးသာချို၊ ကျဘမ်းလုပ်သူ သည် နေအိမ်တွင် ဇနီးဖြစ်သူ မဝိုင်းလေး ၂၄နှစ်၊ (ဘ)ဦးသောင်းကြည်၊ ကျဘမ်း၊ ကသဲစုရွာနေသူနှင့် တစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်ကြရာ ကိုဇော်နောင်မှ အနီးတွင်အသင့်တွေ့ရှိသော အိမ်သုံးဟင်းခုတ်ဓါးမ အပြားဖြင့် မဝိုင်းလေးအားခုတ်လိုက်ရာ မဝိုင်းလေးတွင် ဦးခေါင်း ထိပ်ပြတ်ရှ ဒဏ်ရာ၊ ဝဲလက်ညှိုးပြတ်ရှဒဏ်ရာ (အတွင်းလူနာ၊ မစိုးရိမ်ရ)ရရှိခဲ့ပြီး ကိုဇော်နောင်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

ကိုဇော်နောင်အားအရေးယူပေးပါရန် မဝိုင်းလေးမှ တရားလိုပြုလုပ် တိုင်းတန်းသဖြင့် တောင်ငူမြို့၊ အမှတ်(၃)နယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက် ထားရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar