ကမ္ဘာ့ဖလားကို ပြင်သစ် မရနိုင်ဟု ဒက်စ်ချမ့်စ် ပြောကြား

ပို့စ်တင်ချိန် - 4/17/2014 08:43:00 PM


နွေရာသီတွင် ဘရာဇီးလ်၌ ကျင်းပမည့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြင်သစ်အသင်းသည် ရေပန်းစားသည့် အသင်းများ၌ ပါဝင်လိမ့်မည် မဟုတ်ကြောင်း ဒီဒီယာ ဒက်စ်ချမ့်စ်က ပြောကြားလိုက်သည်။

ပြင်သစ်အသင်းသည် ၂၀၁၀ ကမ္ဘာ့ဖလားတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီး ယခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင်လည်း ယူကရိန်းကို ရှုံးထွက်အဆင့်တွင် အနိုင်ရပြီးမှသာ ဘရာဇီးလ်သို့ တက်ရောက်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဒက်စ်ချမ့်စ်က ပြင်သစ်အသင်း အနေဖြင့် ကမ္ဘာ့ဖလား ရရှိနိုင်သည့် အသင်းများစာရင်းတွင် မပါဝင်နိုင်ကြောင်း ဆိုခဲ့သည်။

“ကမ္ဘာ့ဖလား ရနိုင်တဲ့ အသင်း ၆ သင်း ၇ သင်းလောက်ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီအသင်းတွေထဲမှာ ပြင်သစ် မပါဝင်ပါဘူး။ ကျွန်တော်တို့ရဲ့ ကနဦး ရည်ရွယ်ချက်ကတော့ ဇွန်လ ၁၅ ရက်မှာ ဟွန်ဒူးရပ်စ်နဲ့ ကစားမယ့် အဖွင့်ပွဲစဉ်ကို အနိုင်ရရှိဖို့ပါ” ဟု ဒက်စ်ချမ့်စ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး မိမိအား ချယ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုနှင့် နှိုင်းယှဉ်ပြောကြားမှုများကို ဒက်စ်ချမ့်စ်က ငြင်းဆိုသွားခဲ့သည်။

“ကျွန်တော်က ပြင်သစ် မော်ရင်ဟို မဟုတ်ပါဘူး။ ကျွန်တော်က မော်ရင်ဟိုနဲ့ ဒယ်ဘော့စကေးတို့လို နည်းပြတွေနဲ့ စကားပြောခဲ့ဖူးပါတယ်။ သူတို့လို အခြေအနေရောက်ဖို့ အတွက် လိုအပ်ချက် အများကြီးရှိပါသေးတယ်။ နောက်ပြီး ခက်ခဲတဲ့ အခြေအနေတိုင်းမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့လည်း လိုပါတယ်” ဟု ဒက်စ်ချမ့်မ်က ပြောကြားသွားခဲ့သည်။

Ref: Goal