ငရဲမလား - မြင်သမျှ ကြားသမျှ

ပို့စ်တင်ချိန် - 4/03/2014 07:45:00 PM



တစ်ခါတလေလည်း စဉ်းစားမိပါရဲ့
ငါးပါးသီလကိုပါ။ ရိုးရိုးပဲဆိုပါစို့။
အရက်သေစာ မသောက်စားရ။
သူတစ်ပါးအသက်မသတ်ရ။
သူတစ်ပါးပစ္စည်း မခိုးရ။
သူတစ်ပါးကို မလိမ်ရ။
သူတစ်ပါးသားမယား မပစ်မှားရ။
အင်မတန်မှကို ပြည့်စုံလှပါတယ်။

ဒါပေမဲ့ အဲဒီထဲမှာ လာဘ်ပေးလာဘ်ယူ မပါဘူးခင်ဗျ။ (ဒုစရိုက်ဆယ်ပါးထဲတော့ ပါချင်ပါမှာပေါ့။)

လာဘ်ပေးလာဘ်ယူဆိုတာ သူ တစ်ပါးပစ္စည်းခိုးတာမဟုတ်ဘူးခင်ဗျ။ ဒါ့အပြင် သူတစ်ပါးကိုလိမ်ပြီး ယူတာ လည်း မဟုတ်ဘူး။ သူတစ်ပါးရဲ့ ပစ္စည်း ကို ဓားပြတိုက်သလို ယူတာလည်း မဟုတ်ဘူး။ ဒါက သိပ်ရှင်းတယ်။ နှစ်ဦး သဘောတူမှ အလုပ်ဖြစ်တဲ့ကိစ္စ။ လာဘ်ပေးလာဘ်ယူတဲ့။ ဆိုကြပါတော့ ဗျာ လုပ်ပိုင်ခွင့်ရှိသူက ရှိတယ်။ လုပ် တတ် တဲ့ ငွေရှင်ကလည်း ရှိတယ်။ ငွေ ရှင်က ဒီလုပ်ကွက်ကို လိုချင်တဲ့အတွက် လုပ်ပိုင်ခွင့်ရှိတဲ့ သူဆီကို လာဘ်ငွေ ပေး ပြီး လုပ်ကွက် တောင်းတယ်။

လုပ်ပိုင်ခွင့်ရှိသူကလည်း လုပ်ပိုင် ခွင့်သာရှိပြီး မလုပ်တတ်တော့ လုပ် တတ်တဲ့ဆီကို လုပ်ပိုင်ခွင့်လက်မှတ် ထိုးပြီးပေးတယ်။ ပိုပြီးရှင်းတာက ဒီကိစ္စမှာ နှစ်ဦး သဘောတူတဲ့ အတွက် ပြုံးပြုံးကြီးတွေပဲ ခင်ဗျ။ ဆိုပါစို့။ ဓားပြတိုက်ပြီး ယူတယ်။ ခိုးယူတယ်ဆိုပါတော့ ခံရသူကဘယ် ပြုံးနိုင် မလဲ။ ပေးရသူပေါ့ဗျာ။ ရယူသူသာ ပြုံးနိုင်မှာ။ဒီကိစ္စက ဒီလိုမ ဟုတ် ဘူးခင်ဗျ။ နှစ်ဖက်စလုံး ပြုံးနေတာ။ ဆိုပါစို့ဗျာ။ ဒါကလိမ်ယူတာလည်း မဟုတ်ဘူး။ လိမ်တယ်ဆိုတာ ပေးမယ် ကတိခံပြီး မပေးတာ။ အဲဒါမှ လိမ်တာ။

ဒါကလိမ်တာလည်း မဟုတ်ဘူး။ ဒါပေမဲ့ ဒါကကောင်းမှုလား ဆို တော့ မဟုတ်ဘူးဗျ။ မကောင်းမှု။ မ ကောင်းမှုမှ နိုင်ငံပျက်နိုင်တဲ့ မကောင်း မှု။ ဒီလောက်အပြစ်ကြီးတဲ့ မကောင်းမှု က လူအားလုံး စောင့်ထိန်းရမယ့် ငါး ပါးသီလထဲ မပါဘူးဗျ။ ဒါကြောင့် တစ်ဖက်က ပြန်စဉ်းစားတယ်။ လာဘ်ပေးလာဘ်ယူသမားတွေ သေရင် ငရဲတောင် ကျပါ့ မလားလို့။

နည်းသလား

အခုတလော တွင်တွင်ကျယ်ကျယ် ကြားနေရတဲ့ စကားတစ်ခွန်းပါ။ သိပ်ရယ်ရပါတယ်။

”သုံးသိန်းမပြည့်ရင် လာဘ်ငွေအဖြစ် မသတ်မှတ်”
အင်မတန် ရယ်ရပါတယ်။ ဆိုပါ တော့ မကောင်းမှုတစ်ခုကို ဒီလို လစ် မစ်သတ်မှတ်လို့ရရင် ပြောချင်ပါတယ်။

ဥပမာ သုံးသိန်းမပြည့်ရင် လာဘ်ငွေလို့ မသတ်မှတ်ရင်..

ခိုးမှုတစ်ခုဆိုပါတော့။ ခိုးမှုဆို တာ စိန်ခိုးမှ သူခိုးမဟုတ်ပါဘူး။ ထဘီ ခိုးရင်လည်း သူခိုးပါပဲ။ ဒါဆိုရင် ထဘီ သူခိုးကို သူခိုးအဖြစ် မသတ်မှတ်ဘူး လား။ဒါဖြင့် ခိုးမှုကိုလည်း ဒီလိုပဲ သတ်မှတ်ပေးမှာလား။

”တန်ဖိုး ဘယ်လောက်အထိ ခိုး ယူရင် ခိုးမှုမမြောက်ပါ” ဆိုတာမျိုးပေါ့။
ဆိုပါတော့ ”တန်ဖိုးသုံးသိန်းမပြည့် ပဲ ခိုးယူရင် ခိုးမှုမမြောက်ပါ”ဆိုတာမျိုး ပေါ့။
လိမ်လည်မှုမှာလည်း ” သူသည် သုံးသိန်းမပြည့်သော လိမ်လည်မှုသာ ဖြစ်၍ အမှုမှပလပ်စေ” ပေါ့။

ဒါ့အပြင်..

”သူတစ်ပါးသားမယားအား ပစ် မှားမှုအကြိမ်ရေ နည်းပါးပါ၍ မုဒိမ်းမှု မမြောက်ပါ”အဲဒီလိုတွေရော ဆက်ပြီးသတ် မှတ်ပေးကြပါဦးမလား ခင်ဗျ။ တစ်ခါတစ်ခါမှာ စကားတစ်ခွန်း က နောက်ဆက်တွဲပြဿနာတွေ ကို ဖော်ဆောင်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

သင်္ကြန်ကျတော့မှာပေါ့

သင်္ကြန်နားလည်းနီးပါပြီ။ သင်္ကြန် မှာ ထိန်းချုပ်ဖို့ ဥပဒေတွေလည်း အမျိုး မျိုးထွက်ပေါ်လာပြီပေါ့။ မဏ္ဍပ်တွေမှာ စီစီတီဗီတပ်ရမယ်ဆိုတာမျိုး။ ဒါပေမဲ့ အဆိုးဆုံးဖြစ်တဲ့ နယ် သင်္ကြန်နဲ့ ဆိုင်ကယ်အန္တရာယ်ကို ဘယ်လို ကာကွယ်ကြမလဲဆိုတာ သိချင်နေမိပါတယ်။

အခုဆိုရင် နယ်တွေသာမက ရန် ကုန်မြို့စွန်၊ ရပ်ကွက်ကြားတွေမှာ ဆိုင် ကယ်ေ တွလမ်းသလားနေတာ တွေ့ရ ပါတယ်။ တချို့နယ်တွေမှာဆိုရင် ဆိုင် ကယ်တစ်စီးကို ငွေသိန်းကျော်ပဲ ပေးရ တဲ့အတွက် သင်္ကြန်မှာ ဆိုင်ကယ် တော် ရုံလောက် ဝယ်ပြီး စီးဖြိုပြီးပစ်ထားဖို့ လောက်အထိ ရည်ရွယ်ထားကြပါတယ်။

ဒါ့အပြင် အဲဒီလိုလူတွေ တအား များပြီး အုပ်စုဖွဲ့ ဆိုင်ကယ်အုပ်စုအဖြစ် ဆိုင်ကယ်အစီး နှစ်ဆယ်သုံးဆယ်က အစီးနှစ်ရာသုံးရာအထိ အုပ်စုဖွဲ့ရမ်း ကား ကြတာ လည်းေ တွ့ရပါတယ်။ သင်္ကြန်မှာ အရက်တွေ၊ ဆေးတွေမူးပြီး လမ်းမပေါ်တက်ရမ်းကားကြတဲ့ ဆိုင်ကယ်သမားတွေလည်း အများအပြား ပါပဲ။ ဒါတွေဟာလည်း အသက် အန္တရာ ယ်များလှသမို့ ဘယ်လို ထိန်းချုပ်ကြမှာလဲခင်ဗျ။

သူတို့ဖာသာ သူတို့ရမ်းကားပြီး သူ့ဖာသာသူ ပိုးစိုးပက်စက်ဖြစ်ပေမယ့် ဒါဟာလည်း လူ့အသက်ပဲဗျ။ ဒါ့အပြင် သူတို့ရမ်းကားလို့ ဘေးလူတွေမတော် တဆ ထိခိုက်ရင် ထိခိုက်သူ မနစ်နာနိုင်ဘူးလားခင်ဗျ။ ဒါကြောင့် နယ်တွေမှာ အဓိက ပြဿနာရှိတဲ့ ဆိုင်ကယ်လူကြမ်းတွေကို လည်း ဘယ်လို ထိန်းချုပ် မလဲဆိုတာ လိုပါလိမ့်မယ်။

သင်္ကြန်နဲ့ အရက်ပြဿနာ

နေပူပူ ရာသီဥတု ပူပူမှာ သူများ ပက်တဲ့ရေချိုးပြီး အရက်မူးနေတာ မြန်မာ တစ်မျိုးပဲ ရှိမယ်ထင်ပါ့။ သင်္ကြန်မှာထွက်လည်ပတ်သူ တစ်ရာမှာ ကိုးဆယ်ရာနှုန်းဟာ သွက် သွက် လည်အောင် မူးနေတယ်ဆိုရင် ငြင်းနိုင် မယ်မထင်ပါဘူး။ ဒီလို သောက်နေရတဲ့ အရက်တွေ ကလည်း ရမ်း ကားခြင်းအတွက် မဟုတ် ပဲကျန်းမာရေး အ တွက် ဘေး ထွက် ဆိုးကျိုး ဘယ်လောက်ရှိနိုင်လဲ။ သင်္ကြန်မှာ သာမန်အခြေအနေထက် အဆပေါင်း ရာချီနီးပါးတက်လာနိုင်တဲ့ အရက်တွေ ကလည်း လူတွေအတွက် ဘယ်လောက် အာမခံနိုင်မှာလဲ။

ဒါတွေကိုရော ယုံကြည်လို့ ရပါ့မလား။ မယုံကြည်ရရင် ဘယ်လိုလုပ်မလဲ။
လွယ်ပါတယ်။ နွားနို့သောက်ပြီး သင်္ကြန်လည်ကြ ပေါ့ဗျာ။

ပြန်ဆုံပါ့မယ်…

အကြည်တော်

Popular Myanmar News Journal