အုတ်ကွင်းအတွင်းရှိရေကန်အတွင်း ရေဆင်းကူးသည့် ကလေးငယ် ရေနစ်သေဆုံး

ပို့စ်တင်ချိန် - 4/20/2014 03:00:00 PM


ရန်ကုန်၊ ဧပြီ ၂၀

၁၉.၄.၂၀၁၄ ရက်နေ့ ၁၅၄၀ အချိန် တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ
သည် ဂျိုးဖြူကန်လမ်း ဆင်စခန်းကျေးရွာအနီးရှိအုတ်ကွင်းအတွင်းရေကန်တွင် ကလေးငယ်တစ်ဦးရေနစ်သေဆုံးကြောင်း သတင်းအရ သွားရောက်
စစ်ဆေးရာ သေဆုံးသူမှာ မောင်မင်းဇော်ဌေး (၈)နှစ်၊ (ဘ)ဦးငြိမ်းမောင်၊ ဆင်စခန်းကျေးရွာ၊ တိုက်ကြီးမြို့နယ်နေသူဖြစ်ပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာ
မရှိဘဲ သေဆုံးနေသည် ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူ မောင်မင်းဇော်ဌေးနှင့် မောင်အောင်မျိုးခန့်၊ (၉)နှစ်တို့သည် ဦးကြီးမောင်၏အုတ်ကွင်းအတွင်း မြေကျင်းတူးထားသည့် အလျား(၆၀)ပေ၊ အနံ(၂၅)ပေ၊ အနက်(၁၅) ပေခန့်ရှိ ရေကန်အတွင်း
ရေဆင်းကူးရန်အတွက် ပြောဆိုကြပြီး မောင်မင်းဇော်ဌေးမှ ရုတ်တရက်
ရေထဲသို့ခုန်ချလိုက်စဉ်ရေနစ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ထိုသို့ရေနစ်သွားသဖြင့်
မောင်အောင်မျိုးခန့်မှ သေဆုံးသူ၏ဖခင်ဖြစ်သူ ဦးငြိမ်းမောင်အား သွားရောက်ပြောပြခဲ့ပြီး ရှာဖွေဆယ်ယူခဲ့သော်လည်း မောင်မင်းဇော်ဌေးမှာ
သေဆုံးသွားခဲ့ကြောင်း သိရှိရပါသည်။

၎င်းကလေးငယ်သေဆုံးမှုနှင့်ပတ်သက်၍ တိုက်ကြီးမြို့မရဲစခန်း
သေမှုသေခင်းအမှတ်စဉ် ၉/၂၀၁၄ ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police