အရွယ် မရောက် သေးသော သမီးဖြစ်သူ ကိုမုဒိမ်းမှု ကျုးလွန် သဖြင့် ဖခင် ဖြစ်သူ ထောင်၁၀နှစ် ကျ

ပို့စ်တင်ချိန် - 4/24/2014 12:38:00 PM


အခင်းကို အမေရိကန်နိုင်ငံ၊ ဖို့ဝန်းမြို့၊ အင်ဒီယားနားပြည်နယ် စက်တင်ဘာလ ၂၀၁၃ ခုနှစ် တွင် မြန်မာမိသားစုတစ်ခုမှဖြစ်ပွားခဲ့သည်။ အသက် ၅၅နှစ် အရွယ် ရှိ ဖခင်ဖြစ်သူ ထားကြူ ဆိုသူမှာ သမီးဖြစ်သူကို မုဒိမ်းမှုကျုးလွန်ခဲ့သလို အရွယ်မရောက်သေးသောသူအားလိင်ဆက်ဆံသဖြင့် ထောင်ဒဏ် ၁၀နှစ်ချမှတ်ခြင်းခံရသည်။

ဆက်စပ်သတင်း - ဖခင်ဖြစ်သူက သမီးအရင်းအား သားမယားအဖြစ် အဓမ္မပြုကျင့်

တရားရုံးတွင်ကြားနားနေစဉ် သမီးဖြစ်သူမှာ သူမ၏အဖေကိုခွင့်လွှတ်သည်ဟုပြောကြားခဲ့ပြီး၊ ဖခင်အနေဖြင့်ချစ်နေဆဲဖြစ်သည်ဟုလည်းဆိုသည်။ဒါပေမဲ့လည်း သူ၏လုပ်ရပ်ရဲ့အတွက်နောင်တရနေမည်ကိုလည်းမျှော်လင့်နေပါသည်ဟုဆိုပြန်သည်။ ပြစ်မှုကျုးလွန်သူ ထားကြူမှာ တော့သမီးဖြစ်သူကို သူ၏မိန်းမနှင့်မှားယွင်းစွာကျုးလွန်ခဲ့ သည်ဟုထွက် ဆိုသည်။ တရားရုံးအထောက်အထားများအရ ပြစ်မှုကိုသိသားထင်ရှားစွာ ကျုးလွန်ခဲ့သည်ဟုခုံသမာဓိအဖွဲ့ ကဆုံးဖြတ်ချခဲ့သည်။

Ref: Journal Gazette
world myanmar