အရှိန်လွန်ကာ ယာဉ်တိမ်းမှောက်သဖြင့် ယာဉ်ပေါ်ပါသူ (၆)ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 4/14/2014 03:45:00 PM


ရန်ကုန်၊ ဧပြီ ၁၄

၁၄.၄.၂၀၁၄ ရက်နေ့ ၀၈၃၀ အချိန် အင်းစိန်မြို့နယ်၊ ရန်ကုန်-အင်းစိန်လမ်း အတိုင်း အင်းစိန်ဘက်မှ မရမ်းကုန်းဘက်သို့ ယာဉ်မောင်းတင်အုန်း (၅၁)နှစ်၊ (ဘ)ဦးကျော်အုန်း၊ အင်းစိန်မြို့နယ်နေသူ မောင်းနှင်လာသော 8D---- လိုက်ထရပ် အပြာရောင်ကိုယ်ပိုင်ယာဉ်သည် ကြို့ကုန်းမှတ်တိုင်အလွန် အရောက် အရှိန်လွန်၍ ယာဘက်သို့တိမ်းမှောက်သွားခဲ့ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပျက်စီးပြီး ယာဉ်ပေါ်ပါသူ ကျား(၆)ဦးတို့တွင် ဖူးရောင်နာကျင်ဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံတွင် အတွင်း/ပြင်ပလူနာများအဖြစ် တက်ရောက်ကုသရသောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ တင်အုန်းအား အင်းစိန်မြို့မရဲစခန်း
ယာဉ်(ပ)၄၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police