ကချင် တိုက်ပွဲ သေဆုံးမှု ရှိ

ပို့စ်တင်ချိန် - 4/21/2014 11:46:00 AM

အပစ်ရပ်စဲရေး ကြိုးစားနေချိန်မှာ တိုက်ပွဲ ပြန်ဖြစ်

မြန်မာ အစိုးရနဲ့ KIA ကချင် လက်နက်ကိုင် တပ်တွေ ကြား မံစီ မိုးမောက် မြို့နယ် တွေမှာ မကြာခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း ၂ ဘက် အကျအဆုံး ထိခိုက် ဒဏ်ရာ ရမှုတွေ ရှိခဲ့တယ် လို့ တနင်္ဂနွေ နေ့ထုတ် မြဝတီ သတင်းစာ မှာ ပါရှိပါတယ်။

အစိုးရ ဘက်က ၈ ဦး၊ ကေအိုင်ဘက်က ၁၄ ဦး စုစုပေါင်း ၂၂ ဦး ကျဆုံး ခဲ့တယ်လို့ ဖော်ပြပါတယ်။

ကေအိုင်အေ ဘက်က ချောင်းမြောင်း ပစ်ခတ်မှု ကနေ တိုက်ပွဲ စဖြစ်တယ်၊ အစိုးရ ဘက်က လည်း နယ်မြေ စိုးမိုးရေး၊ သယံဇာတတွေ ထိန်းသိမ်းရေး နဲ့ ဒေသခံ တွေကို ကာကွယ်ဖို့ ရှင်းလင်း တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံး အပစ် ရပ်စဲရေး ကြိုးစား နေကြတဲ့ ကာလမှာ ခုလို တိုက်ပွဲတွေ ပြန်ဖြစ် လာ တာဟာ ငြိမ်းချမ်းရေး ကို နှောင့်နှေး နိုင်စေ ပေမယ့် ပျက်ပြား တဲ့ထိ ဖြစ်နိုင်မှာ မဟုတ် ကြောင်း KIO ခေါင်းဆောင် ဟောင်းနဲ့ လက်ရှိ ကချင် ပြည်နယ် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ က ဆိုပါတယ်။

နှစ်ဘက် ခေါင်းဆောင် တွေက အမြင် ကြီးကြီးနဲ့ ထိန်းသိမ်း သွားကြမှာ ဖြစ်လို့ တကယ် လိုအပ်တဲ့ အောက်ခြေ တပ်တွေ ပြန်နေရာချ ရေးနဲ့ အထက် အောက် အဆင့်ဆင့် အမိန့် နာခံ ရေး ကို သေချာ စီမံ ကွပ်ကဲဖို့ လိုတယ် လို့ သူက ပြောပါတယ်။

BBC Burmese