အရေးပေါ်သားဆက်ခြားနည်း အပိုင်း (၂)

ပို့စ်တင်ချိန် - 4/04/2014 08:01:00 AM


A new review looks at whether having emergency contraception on hand prevents unwanted pregnancies.
မလိုချင်၊ မမျှော်လင့်ဘဲရလာနိုင်တဲ့ ကိုယ်ဝန်ကို ဖျက်ချရတဲ့အန္တရာယ် မကြုံရအောင် အရေးပေါ်သားဆက်ခြားနည်းနဲ့ ကာကွယ်ခြင်းကို ဘယ်လို လူမျိုးတွေ သုံးနိုင်တယ်ဆိုတာ အသေးစိတ်သိဖို့ ကျန်းမာရေးပညာရှင်တွေက အကြံပေးနေကြပါတယ်။

လိင်ဆက်ဆံရာမှာ အကာအကွယ်မရှိဘဲ ဆက်ဆံမိသူတွေအပြင်၊ ကိုယ်ဝန်ကြိုတင် ကာကွယ်နည်းတွေသုံးထားပေမဲ့ မတော်တဆ တခုခုလွဲချော်၊ ပျက်ကွက်သွားသူတွေနဲ့ အဓ္ဓမပြုကျင့်ခံရသူ (သို့) ဖြားယောင်းပြီး လိင်ဆက်ဆံခံရသူတွေအနေနဲ့ ဒီအရေးပေါ်သားဆက်ခြားဆေးတွေကို သုံးနိုင်ပါတယ်။ သုံးနိုင်တဲ့ဆေးတွေမှာ အရေးပေါ်သားဆက်ခြားဖို့ သီးသန့်ထုတ်ထားတဲ့ အမျိုးသမီး ဟော်မုန်းအဆတိုးထားတဲ့ ဆေးတွေအပြင်၊ ဒီအရေးပေါ် သီးသန့်ဆေးမျိုးမရနိုင်တဲ့ အခြေအနေမှာ ပုံမှန်နေ့စဉ်သုံးနိုင်တဲ့ ဆေးတွေကို အဆတိုးပြီး သောက်သုံးနိုင်ပါတယ်။

ဒီအရေးပေါ်သီးသန့်ထုတ်ထားတဲ့ ဆေးတံဆိပ်တွေ အမျိုးမျိုးရှိရာမှာ မြန်မာနိုင်ငံမှာ ရနိုင်တာတွေကတော့ Postinor ၊ Ecee 2 နဲ့ Duet တို့ဖြစ်ပြီး၊ ဒီဆေးတံဆိပ်တွေ ကွာပေမဲ့ အထဲမှာပါတဲ့ ဟော်မုန်းအဆတိုးဆေးကတော့ Levonorgestrel အမျိုးအစား အတူတူပဲ ဖြစ်ပါတယ်။ ဆေးညွှန်းအတွက် ဆေးဆိုင်မှာရောင်းတဲ့ ဆေးတွေမှာ အတိအကျရေးထားတာမို့ အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ပါတယ်။

ဒါပေမဲ့ ဒီအရေးပေါ်ဆေးကို ခဏခဏ ပုံမှန်လိုသုံးမိရင်တော့ ကျန်းမာရေးထိခိုက်နိုင်ပြီး၊ သားဆက်ခြားတဲ့အာနိသင်လည်း မထိရောက်တော့မှာမို့၊ ဒီဆေးတခါသုံးပြီးရင် ဆက်ပြီးသားဆက်ခြားလိုပါက ပုံမှန်ဆေးတွေ ပြောင်းသုံးစွဲသင့်ပါတယ်။ ဒီအရေးပေါ်သားဆက်ခြားဆေးသုံးသူတွေအနေနဲ့ ဘယ်လိုစိုးရိမ်မှုတွေ ရှိတတ်ပါလဲ။

ဒီအကြောင်းတွေအသေးစိတ်သိရှိနိုင်ဖို့ ဆေးတက္ကသိုလ် (၁) နဲ့ ဗဟိုအမျိုးသမီးဆေးရုံ သားဖွားမီးယပ်ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာမြသီတာ ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
နားဆင်ရန်

VOA