ထွန်တုံးတိုက်ပွဲဝင် တောင်သူနှစ်ဦး ထပ်မံဖမ်းခံရ

ပို့စ်တင်ချိန် - 4/30/2014 05:30:00 AM


မတ်လ ၁ရက်က ထွန်တုံးတိုက်ပွဲဝင်ခဲ့သဖြင့် ဖမ်းဆီးခံရသည့် ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ တံငါမြောင်းရွာမှ တောင်သူလေးဦးကို မတ္တရာမြို့နယ် တရားရုံး၌ ဧပြီလ ၂၉ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး)


တံငါမြောင်းကျေးရွာမှ လယ်သိမ်းဆည်းခံရသည့် တောင်သူများသည် မတ်လ ၁ရက်က ထွန်တုံးတိုက်ပွဲဝင်ခဲ့သဖြင့်
တောင်သူ ၃၉ဦးကို တရားစွဲဆိုထားခဲ့ပြီး ဧပြီလ ၁၁ရက်က တောင်သူ ကိုရဲရင့်အောင်နှင့် ဦးဇော်ဝင်းတို့ကို ဖမ်းဆီးခဲ့ပြီး ဧပြီလ ၂၉ရက်တွင် ဦးလေဝင်းနှင့် ဦးကိုကိုအောင်
တို့ကို ထပ်မံဖမ်းဆီးခဲ့သည်။ ထွန်တုံးတိုက်ပွဲဝင်သည့် တောင်သူများကို ပုဒ်မ ၄၄၇၊ ပုဒ်မ ၁၁၄၊ ပုဒ်မ ၁၅၄၊ ပုဒ်မ ၁၈တို့ဖြင့် တရားစွဲဆိုခဲ့သည်။




Mizzima Burmese