အရက်မူးပြီးလဲနေသူအား သွားရောက်ကြည့်ရှုသည့် ဆယ်အိမ်မှူးများကို ၀ိုင်းဝန်းရိုက်နှက်ပြီး ဓါးနှင့်ထိုးခဲ့ကြသဖြင့် ဒဏ်ရာများရ

ပို့စ်တင်ချိန် - 4/04/2014 09:31:00 AM



ရန်ကုန်၊ ဧပြီ ၃

၂.၄.၂၀၁၄ရက်နေ့ ၂၀၄၅အချိန် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်၊ ဆယ်အိမ်မှူးများဖြစ်သည့် ဦးချမ်းငြိမ်းကို၊ ဦးဝင်ကိုကိုနှင့် ရာအိမ်မှူး
ဦးစန်းလွင်တို့သည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အတူရှိနေစဉ် ဗိုလ်ချုပ်
လမ်းရှိ အရက်ဆိုင်ရှေ့တွင် အမျိုးသားတစ်ဦး အရက်မူး၍လဲကျနေကြောင်း
ကြားသိရသဖြင့် ဦးချမ်းငြိမ်းကိုနှင့် ဦးဝင်းကိုကိုတို့မှ သွားရောက်ကြည့်ရှုခဲ့
ကြောင်း၊ အဆိုပါနေရာတွင် အရက်မူးပြီးလဲနေသူတစ်ဦးကို တွေ့ရှိရ၍ ရုံးတွင်ရှိနေသည့် ဦးစန်းလွင်ထံ ဖုန်းဆက်အကြောင်းကြားနေစဉ် ၎င်းအရက်မူးလဲနေသူ၏သူငယ်ချင်းများ ဖြစ်ကြသော မှဲ့လေး(ခ)
ကျော်ဇင်အောင်ပါ(၄)ဦးမှ “ဘယ်သူ့ကိုဖုန်းဆက်တာလဲ”ဟု ပြောဆိုကာ ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်ပြီး ဓါးဖြင့်ထိုးခဲ့ကြကြောင်း၊ထိုသို့ပြုလုပ်ခဲ့သဖြင့် ဦးချမ်းငြိမ်းကိုတွင် ယာပါးဖူးရောင်၊ ယာလက်ပြတ်ရှဒဏ်ရာများရရှိခဲ့ပြီး လှိုင်သာယာဆေးရုံ၌ ပြင်ပလူနာ(မစိုးရိမ်ရ)အဖြစ်လည်းကောင်း၊ ဦးဝင်းကိုကိုတွင် ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာနှင့် ကျောကုန်းယာဘက်၌ ထိုးသွင်းဒဏ်ရာရရှိကာ အင်းစိန်ဆေးရုံ၌ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်
လည်းကောင်း ကုသခဲ့ရကြောင်းနှင့် ယင်းသို့ပြစ်မှုကျူးလွန်သူ မှဲ့လေး (ခ)ကျော်ဇင်အောင်ပါ(၄)ဦးကိုအရေးယူပေးရန် ဦးချမ်းငြိမ်းကိုမှ တိုင်တန်း
လာခဲ့ပါသည်။

ထိုသို့တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း (ပ)၄၃၈/၂၀၁၄၊ ပြစ်မှု
ပုဒ်မ ၃၂၆/၁၁၄ဖြင့် အမှုဖွင့်လှစ်ပြီး စုံစမ်းဆောင်ရွက်ခဲ့ရာ အမှုမှပြစ်မှု
ကျူးလွန်သူများမှာ လှိုင်သာယာမြို့နယ်နေသူများဖြစ်သော မှဲ့လေး(ခ)
ကျော်ဇင်အောင် (ဘ)ဦးသန်းဌေးနှင့် ချစ်မိုး (ဘ)ဦးဟန်ညွန့်၊ ဝေဖြိုးဇော်
(စုံစမ်းဆဲ)နှင့် ငှက်ပျော်ကြော် (စုံစမ်းဆဲ)တို့ဖြစ်ကြောင်းသိရိခဲ့ရပါသည်။

၎င်းတို့အား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၃.၄.၂၀၁၄ ရက်နေ့ ၀၁၁၅ အချိန်တွင် ကျော်ဇင်အောင်နှင့် ချစ်မိုးတို့(၂)ဦးကိုဖမ်းဆီးရမိခဲ့ပြီး ကျန်ပြစ်မှု
ကျူးလွန်သူ ဝေဖြိုးဇော်နှင့် ငှက်ပျော်ကြော်တို့အား ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police