သင်္ကြန်လည်သည့်ယာဉ်ပေါ်မှ ပြုတ်ကျကာသေဆုံး

ပို့စ်တင်ချိန် - 4/15/2014 03:58:00 PM



ရန်ကုန်၊ ဧပြီ ၁၅

၁၄.၄.၂၀၁၄ရက်နေ့ ၁၇၀၀အချိန် သင်္ဃန်ကျွန်းမြို့နယ်၊ ရတနာလမ်း
အတိုင်း တောင်ဥက္ကလာ မြို့နယ်ဘက်မှ စံပြဈေးဘက်သို့ ယာဉ်မောင်း ခရစ်တိုဖာ(ခ) ဧရာထွန်း (၃၅)နှစ်၊ (ဘ)ဦးညိုထွန်း၊ မှော်ဘီမြို့နယ်နေသူ
မောင်းနှင်သော ၉င/---နစ်ဆန်း အက်တလက်အဖြူရောင် သင်္ကြန်
လည်ပတ် သည့်ယာဉ်သည် ကျိုက္ကဆံဘုရားဝင်ပေါက်ရှေ့အရောက်တွင် ယာဉ်ပေါ်ပါသူ ဇော်ဇော်ထက် (၁၈)နှစ်၊ (၂၃)ရပ်ကွက်၊ ဒဂုံမြို့သစ်
(တောင်ပိုင်း)မြို့နယ်နေသူမှာ ယာဉ်ပေါ်မှ ပြုတ်ကျခဲ့သဖြင့် နှာခေါင်း၊ နား သွေးထွက်ဒဏ်ရာနှင့် ၀ဲပါးပွန်းစုတ်ဒဏ်ရာများရရှိကာ
မြောက်ဥက္ကလာပဆေးရုံသို့ တင်ပိုကုသစဉ် သေဆုံးသွားခဲ့ပါသည်။

ယင်းသို့ ယာဉ်ပေါ်မှပြုတ်ကျသေဆုံးခဲ့သည့်အတွက် ယာဉ်မောင်း ခရစ်တိုဖာ(ခ)ဧရာထွန်းအား သင်္ဃန်းကျွန်းမြို့မရဲစခန်း ယာဉ်
(ပ)၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေး
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police