လင်မယား ၂ ယောက် အိမ်ခွဲနေဖို့ ပြောရာမှ ဇနီးဖြစ်သူ အဆိပ်သောက် သေကြောင်းကြံ

ပို့စ်တင်ချိန် - 4/29/2014 04:27:00 PM


လင်နှင့်မယား အိမ်ခွဲနေထိုင်ရန် ပြောဆိုကြရာမှ ဇနီးဖြစ်သူက ပိုးသတ်ဆေးသောက်၍ သေကြောင်းကြံစည် မှု တစ်ခုဧပြီ ၂၇ ရက်က သုံးခွမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။ အမျိုးသမီးတစ်ဦး အဆိပ်သောက်၍ ဆေးရုံသို့ ရောက်ရှိနေကြောင်း ယင်းနေ့ နံနက် ၅ နာရီခွဲသတင်းအရ မြို့နယ်ရဲတပ်ဖွဲ့ က စစ်ဆေးရာ သေကြောင်းကြံစည်သူမှာ ကတုံးပေါ် အလယ်ကျေးရွာနေ မအေးသန်း (ခ) ကတ်မလား (၂၁)နှစ်ဖြစ်သည်ဟု ဆိုထားသည်။ သူမသည် ခင်ပွန်းဖြစ်သူ ကိုမော်ဂါး (၂၁)နှစ် လယ်လုပ်နှင့်အတူ အိမ်ခွဲနေထိုင်ရန်ပြောရာမှ စကားများရန်ဖြစ်ခဲ့ပြီး ည ၂ နာရီအချိန်တွင် ပဲဖျန်းသည့် ပိုးသတ်ဆေးရည်ကို သောက်သုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင် သေကြောင်းကြံစည်သူသည် သုံးခွမြို့နယ်ဆေးရုံတွင် အတွင်းလူနာ မစိုးရိမ်ရအဖြစ် ကုသနေရ ပြီး သူမကို အရေးယူပေးရန် ဒု-ရဲအုပ်မျိုးမြင့်သူက တရားလိုပြုလုပ် တိုင်တန်းထားသည်။ ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၁၅၉/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး သေကြောင်းကြံစည်မှု ပုဒ်မ ၃၀၉ ဖြင့် အရေး ယူရန် စစ်ဆေးသွားမည်ဟု ဆိုသည်။

Mizzima Burmese