စစ်ကျန် ၈၂ မမ ဗုံးသီးဟောင်း ခြောက်လုံးတွေ့ရှိ

ပို့စ်တင်ချိန် - 4/23/2014 11:07:00 AM


ရေတာရှည် ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၂၀၀/၅) နှင့် (၂၀၀/၆) အကြား တံတားအမှတ် ၂/၂၀၁ ၏ အနောက်ဘက်ခြမ်းအောက်တွင် ဧပြီ ၂၂ ရက် နံနက် ၉ နာရီခွဲခန့်က ပလတ်စတစ်နှင့် သံဘူးခွံများကောက်ယူသည့် ကလေးငယ်များက ဗုံးသီးများ စတင်တွေ့ရှိ ခဲ့ပြီးနောက် ဆွာတောင်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဦးကြည်ရှိန်ကို သတင်းပို့ခဲ့သည်။

ဆက်လက်၍ ဆွာနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်သောင်းစံနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အရှည် ၁၂ လက်မ၊ လုံးပတ် ၁၀ လက်မခွဲ (နောက်ဒလက်ပါ) စစ်ကျန် ၈၂ မမ ဗုံးသီးခြောက်လုံးကို တွေ့ရှိခဲ့သဖြင့် နယ်မြေခံတပ်ရင်းသို့ ဆက်သွယ်သတင်းပို့ကာ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar