ယာဉ်လိုင်းဂိတ်တဲအား မီးရှို့သွားသူအပေါ် အရေးယူပေးရန် တိုင်တန်း

ပို့စ်တင်ချိန် - 4/06/2014 05:51:00 PM


ရန်ကုန်၊ ဧပြီ ၆

၎.၄.၂၀၁၄ ရက်နေ့ ၁၇၃၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ကုန်းတလဘောင်
ကျေးရွာနေ အနောက်ပိုင်း ခရိုင်မထသဌာနခွဲ(၁)ကြီးကြပ်ရေးမှူး၊ ဦးမြင့်စိန်မှ ၎င်းသည် မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှောင်လမ်းဘေးရှိ ယာဉ်လိုင်း
အမှတ်(၂၃၆)ဒိုင်နာဂိတ်တွင် တာဝန်ထမ်းဆောင်ပြီး နေအိမ်သို့
ပြန်သွားခဲ့ ကြောင်း၊ ၅.၄.၂၀၁၄ ရက်နေ့ ၀၄၄၅ အချိန်တွင် ၎င်းကားဂိတ်ရှိ ဂိတ်တဲမှာ မီးလောင်ထားသည်ကိုကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ ဂိတ်တဲနှင့် စာရွက်စာတမ်းများ မီးလောင်ပျက်စီးနေသည်ကို တွေ့ရှိခဲ့ရပြီး တန်ဖိုးငွေကျပ်(၅၅၀၀)ခန့်ဆုံးရှုံးခဲ့ကြောင်း၊ ဖြစ်စဉ်အားစုံစမ်းရာ ၄.၄.၂၀၁၄ ရက်နေ့ ၁၈၀၀ အချိန်ခန့်က ဂိတ်တဲမီးလောင်ကျွမ်းခဲ့၍ ပတ်ဝန်းကျင်မှ
ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်ကို သိရှိရကြောင်းနှင့် ယင်းကဲ့သို့ မီးလောင်
ကျွမ်းအောင်ပြုလုပ်သူကို စုံစမ်းအရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

ထိုသို့တိုင်တန်းချက်အရ ထောက်ကြန့်နယ်မြေရဲစခန်း (ပ)၉၇/၂၀၁၄၊
ပြစ်မှုပုဒ်မ-၄၃၅ ဖြင့်အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါယာဉ်လိုင်းတွင် ယာဉ်နောက်လိုက်အဖြစ်လုပ်ကိုင်သူ သာဂိ
(စုံစမ်းဆဲ)မှ ကျူးလွန်ခဲ့ခြင်းဖြစ်သည်ကိုသိရှိရသဖြင့်ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police