တရုတ်က မြောက်ကိုရီးယားကို ဖိအားပေးရန် အမေရိကန်တိုက်တွန်း

ပို့စ်တင်ချိန် - 4/03/2014 05:23:00 PM


အေအက်ဖ်ပီ
ဝါရှင်တန်၊ ဧပြီ ၂

အာရှဒေသအတွင်း တပ်စွဲထားသော အမေရိကန် စစ်တပ်အစီအစဉ်များကို ပြုပြင်ပြောင်းလဲလိုပါက တရုတ်အစိုးရက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် အစီအစဉ်များကို စွန့်လွှတ်ရန် မြောက်ကို ရီးယားအစိုးရကို ဖိအားပေးသင့်သည်ဟု အမေရိကန် အရာရှိတစ်ဦးက ပြောကြား ခဲ့သည်ဟု ဧပြီ ၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်က မဟာမိတ်များ ဖြစ်ကြသော ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ကာကွယ်ဆိုင်ရာ ကိစ္စများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်နေခြင်းကို အင်အားကြီးမား လာနေသောတရုတ်နိုင်ငံက သိပ်ပြီး ဘ၀င်ကျမည် မဟုတ်ကြောင်း အရှေ့အာရှဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဒန်နီရပ်ဆဲလ်က ၀န်ခံပြောကြား ခဲ့သည်။

အမေရိကန်၏ ဒေသတွင်းစစ်ရေး နေရာယူထားမှုနှင့် မဟာဗျူဟာကျသည့် မဟာမိတ်ဖွဲ့စည်းရေး ပြောင်း လဲဖို့ဆိုလျှင် တရုတ်က မြောက်ကိုရီးယားကို ဖိအားပေးပြီး မှန်ကန်သောနည်းလမ်းကို ရွေးချယ်လာအောင် တိုက်တွန်းရမည်ဖြစ်ကြောင်း ရပ်ဆဲလ်က ပြောကြားခဲ့သည်။

တရုတ်သည် မြောက်ကိုရီးယား၏ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံတစ်ခု ဖြစ်ပြီး မြောက်ကိုရီးယားအစိုးရ၏ နျူကလီးယား အစီအစဉ်များကြောင့် စိတ်မသက်မသာ ပိုမိုခံစားနေရသည်။ သို့ရာတွင် ကင်ဂျုံအန်အစိုးရ ပြုတ်ကျလောက်သည့် အန္တရာယ်မျိုးကို တရုတ်ကမလိုလားကြောင်း အမေရိကန် ပညာရှင်များက ယုံကြည် ထားကြသည်။

Mizzima Burmese