၁၀၂ အထူးယာဉ်လိုင်း ပြေးဆွဲမှုရပ်ပြီး ဆန္ဒထုတ်ဖော်သဖြင့် ခရီးသွားများ အခက်တွေ့

ပို့စ်တင်ချိန် - 4/04/2014 08:19:00 PM

ပြီး ဆန္ဒပြနေသော ၁၀၂ အထူးယာဉ်လိုင်းမှ ကားများ (ဓာတ်ပုံ − သူရကျော်)

ရန်ကုန်- ရန်ကုန်အနောက်ပိုင်း ခရိုင်(မထသ)အောက်၌ ပြေးဆွဲ နေသော ၁၀၂ အထူးယာဉ်လိုင်း မှာ ယာဉ်စီးရေ လျှော့ချပြေးဆွဲရန် ညွှန်ကြားလိုက်သည့်အတွက် ဧပြီလ ၂ ရက်က ပြေးဆွဲခြင်းရပ်ဆိုင်းကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းကြောင့် ခရီးသွားများ အဆင်မပြေဖြစ်ခဲ့ရကြောင်း သတင်းရရှိသည်။

‘‘နေ့စဉ် ခရီးသည် ရှစ် သောင်းလောက်ကို ပြေးဆွဲနေရ တာပါ။ ရုံးချိန်တွေကိုသာ အဓိက ထား ဆွဲရတာ။ အခု ကျွန်တော်တို့ ယာဉ်လိုင်းက ပြည်လမ်းဘက်က ပတ်နေရာကနေ စံပြဈေးဘက်ကို လိုင်းအသစ်ဆွဲတဲ့အတွက် ဒိုင်နာ သမားတွေက ဆန္ဒပြလို့ဆိုပြီး ယာဉ်အစီးရေ လျှော့ခိုင်းတယ်။ ဘယ်လိုနည်းနဲ့မှ အဆင်မပြေနိုင် ဘူး။ အဲဒီအတွက် ဒီနေ့မထွက် ကြဘဲ ဆန္ဒပြရတာပါ’’ ဟု အဆို ပါ ယာဉ်လိုင်းမှ ယာဉ်လုပ်သား တစ်ဦးဖြစ်သူ ဦးကျော်မြင့်ဌေးက ပြောသည်။

အဆိုပါ ၁၀၂ အထူးယာဉ် လိုင်းမှာ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့ သစ်မှ ပြည်လမ်းအတိုင်းပတ်ကာ ပုဇွန်တောင်မြို့နယ် အေဘီစီမှတ်တိုင်အထိ ပြေးဆွဲလျက်ရှိသည်။ ယခုအခါ ထပ်မံ၍စံပြဈေးဘက်မှ ပြည်လမ်းဘက် ပတ်ကာတိုးချဲ့ပြေးဆွဲလာရာမှ စံပြဈေးသို့ ပြေးဆွဲနေသော ဒိုင်နာယာဉ်လိုင်းက ဆန္ဒပြမှုများ ရှိနေသောကြောင့် အထူးယာဉ်လိုင်းအား အစီးရေ လျှော့ချပေးရန် အနောက်ပိုင်းခရိုင်ဌာနခွဲမှ ညွှန်ကြားလိုက်ခြင်းအပေါ် ယာဉ်လိုင်းမထွက်ဘဲဆန္ဒပြကြခြင်းဖြစ်သည်။

‘‘ကျွန်တော်တို့က ယာဉ်ပိုင် ရှင်တွေနဲ့ခေါ်ယူ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ အထူးကားကို သာ အားကိုးပြီး အလုပ်ဆင်းရ တာက များတယ်။ တစ်ရက်မဆွဲ တာနဲ့ တစ်ရက်အလျောက်ကား စီးရတာ ဒုက္ခရောက်တယ်။ ပြေ လည်မှုကတော့ ၉၀ ရာခိုင်နှုန်း ရှိနေပါပြီ။ ဟိုဘက် ဒီဘက်အ ဆင်ပြေအောင် ညှိနှိုင်းပေးသွား မှာပါ’’ ဟု အနောက်ပိုင်းခရိုင်ဌာန ခွဲ (၁)မှ အကြီးတန်တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါ အထူးယာဉ်လိုင်းတွင် ယာဉ်စီးရေ ၃၇ စီး ပြေးဆွဲနေရာမှ ခြောက်စီးသာ ပြေးဆွဲရန် ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ယာဉ်လိုင်းကို ပြေးဆွဲခြင်းမရှိတဲ့ ဆန္ဒပြမှု ကြောင့် ယာဉ်လိုင်းကိုအားထား လိုက်ပါသူများ အခက်တွေ့ ခဲ့ရကြောင်း၊ ယာဉ်လုပ်သားများသည် ညှိနှိုင်းမှု အဆင်မပြေပါက ပြေးဆွဲမည် မဟုတ် ကြောင်း သတင်းရရှိသည်။

‘‘ဒီကားကို ကျပ်ကျပ်တည်း တည်း စီးရတာ ဆိုပေမယ့် တစ် ဆင့်ထဲ ရောက်တဲ့အတွက် အဆင်ပြေတယ်။ ကားကဘာဖြစ်လို့ ဖြစ်မှန်းမသိဘူး။ မထွက်ဘူးဆိုရင် ကြိုပြီး အကြောင်းကြား ထားသင့်တာပေါ့။ ခရီးသည်တွေက တမင်တကာ ဒုက္ခရောက်ရတယ်’’ ဟုအဆိုပါ ယာဉ်လိုင်းကို နေ့စဉ်စီး၍ မြို့တော်ခန်းမသို့ အလုပ်ဆင်းသူတစ်ဦးဖြစ်သည့် ဒေါ်သူဇာက ပြောသည်။

7 day daily