အယ်ဂျီးရီးယားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ ဆန့်ကျင်သူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ်

ပို့စ်တင်ချိန် - 4/18/2014 03:58:00 PM


အာဖရိကမြောက်ပိုင်းက အယ်ဂျီးရီးယားနိုင်ငံမှာ သမ္မတရွေးကောက်ပွဲတွေ ကျင်းပနေတာမှာ အတိုက်အခံတွေရဲ့ဒေသတွေ ဖြစ်တဲ့ ဘွီဟာဒေသမှာ ရွေးကောက်ပွဲဆန့်ကျင်သူတွေနဲ့ ရဲတွေ ဧပြီ ၁၇ ရက်နေ့က ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံကို ၁၅ နှစ်ကြာ အုပ်ချုပ်လာတဲ့ သမ္မတက ဆက်လက်အာဏာရယူမှာကို ဆန့်ကျင် ကန့်ကွက်နေကြပြီး တိုင်းပြည်မှာ အုပ်ချုပ်ရေးစနစ် အပြောင်းအလဲပြုလုပ်ဖို့ အတိုက်အခံတွေနဲ့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ကျင်းပနေတဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိ သမ္မတကသာ အနိုင်ရမှာ ဖြစ်ပြီး နောက်မျိုးဆက်သစ်လူငယ်တွေကို နေရာပေးဖို့ အချိန်တန်ပြီလို့ အတိုက်အခံခေါင်းဆောင်တွေက ပြောဆိုပါတယ်။

အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုတွေနဲ့ နိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းပြည် ချွတ်ခြုံကျစေခဲ့တဲ့ စီးပွားရေးပိတ်ပင်မှုတွေကို ဖယ်ရှားပြီး စီးပွားရေးတံခါးဖွင့်ဖို့လည်း အတိုက်အခံတွေက တောင်းဆိုကြပါတယ်။

ဆန္ဒပြသူတဦး ပြောဆိုခဲ့တာမှာတော့ အယ်ဂျီးရီးယားလူထုတွေဟာ အဖြေ ထွက်နေပြီးသား ဖြစ်နေတဲ့ ဒီရွေးကောက်ပွဲကို ပုံစံမျိုးစုံတွေနဲ့ ဆန့်ကျင် ကန့်ကွက်ကြမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အတိုက်အခံတွေရဲ့မြို့တမြို့ဖြစ်တဲ့ မြို့မှာလည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပြီး မဲပုံးတွေကို ဆန္ဒပြသူတွေက မီးပုံရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

သမ္မတဟာ ပြီးခဲ့တဲ့နှစ်က နှလုံးရပ်ပြီးနောက်ပိုင်း လူထုရှေ့ကို မထွက်၊ မဲဆွယ် စည်းရုံးမှုတွေလည်း မလုပ်နိုင်ခဲ့ပေမယ့် နိုင်ငံအုပ်ချုပ်ရေး လုပ်ဆောင်နိုင်တယ်လို့ သမ္မတနဲ့ နီးစပ်သူတွေက ဆိုကြပြီး ရွေးကောက်ပွဲရလဒ်တွေကို ဧပြီ ၁၈ ရက် ဒီနေ့မှာ ကြေညာမယ်လို့ ဆိုပါတယ်။

DVB Burmese