စားသုံးသူများအတွက် ပညာပေးအငြိမ့် ဖျော်ဖြေမည်

ပို့စ်တင်ချိန် - 4/28/2014 03:07:00 PM


စားသုံးသူတွေအတွက် အန္တရာယ်ရှိတဲ့အစားအသောက်တွေ၊ မစားသုံးသင့်တဲ့ နယ်စပ်က တင်သွင်းတဲ့ အစားသောက်တွေကို သတိထားရှောင်ရှားနိုင်ရေးအတွက် ရည်ရွယ်ပြီး ပညာပေးအငြိမ့် ဖျော်ဖြေပွဲကို စားသုံးသူကာကွယ်ရေးအသင်းက အခမဲ့ ပြုလုပ်သွားမယ်လို့  အသင်းပြောရေးဆိုခွင့် ဦးဗအုပ်ခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“လက်ကမ်းစာစောင်တွေ၊ တီဗွီတွေနဲ့ အက်ဖ်အမ်တွေက ထုတ်ပြန်နေပေမဲ့ စားသုံးသူ တွေအနေနဲ့ သတိထားမိတာ ရှိသလို မထားမိတာလည်း ရှိတယ်။ ဒါကြောင့် ကျနော်ကိုယ်တိုင် ပြက်လုံးနဲ့ တခန်းရပ်ပြဇာတ်တွေ ကို ရေးသွားမယ်။ စားသုံးသူတွေအတွက် ရည်ရွယ်ပြီးတော့ ပညာပေးပြက်လုံးတွေပဲ လုပ်သွားမှာပါ။”

စားသုံးသူ ပညာပေး အငြိမ့်ကို ပထမက ရန်ပုံငွေဖျော်ဖြေပွဲအတွက် လုပ်မှာဖြစ်ပေမယ့် စားသုံးသူတွေ အကုန်လုံး ပညာပေးလုပ်ငန်းတွေမှာ စိတ်ပါဝင်စားလာအောင် အခမဲ့ ဖျော်ဖြေပွဲ ပြုလုပ်တာလို့ သိရပါတယ်။

စားသုံးသူ ပညာပေးဖျော်ဖြေပွဲကို မေ ၁ ရက်နေ့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်မှာ ဖြစ်ပြီး မင်းသမီး ဝါဆိုမိုးဦး၊ လူရွင်တော် ဝေဠုကျော်၊ ကျော်ထူး၊ လန်ဒန်၊ ဝက်မ၊ ငွေတောင် တို့က ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

DVB Burmese