တရုတ်နိုင်ငံတွင် ကျောက်စိမ်း၊ ကျောက်မျက် အဓိက၀ယ်ယူသူနှစ်ဦးကို ထိန်းသိမ်းလိုက်သောကြောင့် ပြည်တွင်းကျောက်စိမ်းကျောက်မျက်ဈေးကွက် အေးစက်

ပို့စ်တင်ချိန် - 4/11/2014 03:33:00 PM

မန္တလေးကျောက်ဝိုင်းအတွင်း ကျောက်စိမ်းအရိုင်းတုန်းလေးများကို ခင်းကျင်းရောင်းချနေစဉ် (ဓာတ်ပုံ− စိုင်းသာအောင်)


မြန်မာကျောက်စိမ်း ကျောက်မျက်ဈေးကွက်မှ အဓိက ၀ယ်ယူနေသော တရုတ်နိုင်ငံအ ရာရှိတစ်ဦးနှင့် သူဌေးတစ်ဦးကို တရုတ်အစိုးရက ဖမ်းဆီးထိန်း သိမ်းလိုက်သောကြောင့် မြန်မာ နိုင်ငံမှ ကျောက်စိမ်းကျောက်မျက် လုပ်ငန်းအများစု အရောင်းအ ၀ယ်အေးသွားကြောင်း မြစ်ကြီး နားကျောက်မျက်ရတနာလုပ်ငန်း ရှင်များအသင်းအတွင်းရေးမှူးဦး လာခရီလာအောင်ကပြောသည်။

‘‘သူတို့ရဲ့ ငွေသုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး အစိုးရကထိန်းသိမ်း လိုက်တယ်။ သူတို့ကိုလည်း ဖမ်း လိုက်တယ်လို့ တရုတ်ပြည်က ထုတ်တဲ့ သတင်းစာတွေမှာဖတ် လိုက်ရတယ်’’ ဟု ဦးလာခရီ လာအောင်က ဆိုသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ်၊ ဒုတိယ အုပ်ချုပ်ရေးမှူးနှင့် ကျောက်စိမ်းကျောက်မျက် အဓိကရောင်းချသည့် ထိန်းချုပ် မြို့တော်မှ ကျောက်စိမ်းဈေးတည် ဆောက်သူ သူဌေးကို တရုတ်အစိုးရက ဖမ်းဆီးထိန်းသိမ်းလိုက် ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ထုတ်သတင်းစာများတွင် ဖော်ပြ ထားသည်။

ယင်းတို့ကို ပြီးခဲ့သည့်ဧပြီ ၄ ရက်တွင် ငွေကြေးသုံးစွဲမှုများနှင့် ဘဏ်မှ ငွေထုတ်ယူမှုများအပေါ် တရုတ်အစိုးရက ခေါ်ယူစစ်ဆေး နေသောကြောင့် ကချင်ပြည်နယ်  နယ်စပ်ရှိ ကျောက်စိမ်းကျောက် မျက်ဈေးကွက်အများစု ရပ်နား သွားခဲ့ရကြောင်း ကျောက်စိမ်း ကျောက်မျက်လုပ်ငန်းရှင်များက ခန့်မှန်းပြောသည်။

‘‘အရင် ဒီနိုင်ငံထဲမှာရှိတဲ့ တ ရုတ်နိုင်ငံသား အ၀ယ်တော်တွေ လာဝယ်ကြတာ။ သူတို့လည်း ဒီ အပတ်ထဲကစပြီး လာမ၀ယ်တော့ ဘူး။ သူတို့ကိုမေးကြည့်တော့ တရုတ်ဘက်မှာ အခြေအနေမ ကောင်းလို့ ခဏနားထားတာလို့ ပြောတယ်’’ဟု မြစ်ကြီးနားမြို့မှ ကျောက်မျက်ရတနာလုပ်ငန်းရှင် ဦးစိုင်းသီဟနိုင်ကပြောသည်။မတ်လ ပထမပတ်မှစ၍ တ ရုတ်နိုင်ငံတွင် အစိုးရအရာရှိများ ၏ အသုံးအဖြုန်းလျှော့ချရေးနှင့် လာဘ်ပေးလာဘ်ယူမှု ကင်းရှင်း စေရေးအတွက် စီမံချက်ပုံစံဖြင့် စတင်ပြုလုပ်နေသောကြောင့် ငွေ အများစု ဖြုန်းနိုင်သည့် အစိုးရ အရာရှိများ၏ အ၀ယ်လျော့ကျ လာပြီး မြန်မာ့ကျောက်စိမ်းဈေး ကွက်စတင်ကျဆင်းလာခဲ့သည်။ ယခုတရုတ်နိုင်ငံမှ လူပုဂ္ဂိုလ်နှစ်ဦး ကို ထိန်းသိမ်းလိုက်ခြင်းကြောင့် ကျောက်စိမ်းကျောက်မျက် အ ရောင်းအ၀ယ်လုံးဝရပ်နားလု အေးစက်သွားခဲ့သည်။ ကျောက်စိမ်းအဓိကထွက်ရှိရာ ကချင်ပြည်နယ်တွင်လည်း အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ကျောက်စိမ်း လုပ်ကွက်အကြီးစားများရပ်တန့်ထားရသည်မှာ ၂ နှစ်ကျော်နေပြီ ဖြစ်သည်။

7day daily