လူ ပရိသတ် (၅၉၇)ဦးနဲ့ မြင်းတစ်ကောင် လာအားပေးခဲ့တယ်

ပို့စ်တင်ချိန် - 4/26/2014 08:43:00 AM




အင်္ဂလန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသက မြင်းတစ်ကောင်ဟာ
မြင်းဇောင်းထဲက ကျော်ထွက်ပြီး မြို့ခံကလပ် အက်ရှင်တန်အသင်းပွဲစဉ်ကို အားပေးခဲ့ပါတယ်။ ဒါဟာ ယုံချင်ရင် မယုံချင်နေလို့ ပြောရမယ့်ဖြစ်ရပ်မျိုးပါပဲ။ ဒါပေမဲ့ အက်ရှင်တန်က ခရော့တောင်း အသင်းကို (၇-၃)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူ ပရိသတ် (၅၉၇)ဦးနဲ့ မြင်းတစ်ကောင် လာအားပေးခဲ့တယ်လို့ ပြိုင်ပွဲတာဝန်ရှိသူတွေ မှတ်တမ်းတင်ခဲ့ရပါတယ်။

အဲဒီမြင်းဟာ အက်ရှင်တန်အသင်း အိမ်ကွင်းနဲ့ မဝေးတဲ့ အိမ်တစ်အိမ်က မြင်းဖြစ်ပြီး အက်ရှင်တန်အသင်း အိမ်ကွင်းပွဲကစားတဲ့နေ့တွေမှာ မြင်းဇောင်းထဲက တိုးထွက်ဖို့ ကြိုးစားဖူးတယ်လို့ မျက်မြင်သက်သေတွေက ထောက်ခံချက်ပေးထားပါတယ်။

@z (ရိုးရာလေး)