ချစ်သူနဲ့ ပထမဆုံး ဒိတ်လုပ်တဲ့အခါ မသွားသင့်၊ မလုပ်သင့်တဲ့အရာများ

ပို့စ်တင်ချိန် - 4/18/2014 08:30:00 AM



ကိုယ်အဖြေတောင်းထားတဲ့ ကောင်မလေးက ကိုယ့်ကို အဖြေပေးလိုက်ပြီ။ သူနဲ့ ပထမဆုံးတွေ့တဲ့အခါ ဘယ်သွားရမယ်ဆိုတာ စဉ်းစားနေရပြီ။ နေရာတွေ ရွေးချယ်တဲ့အခါ သူမနဲ့အတူ မသွားသင့်တဲ့နေရာ၊ ပျမ်းမျှအားဖြင့် ပထမဆုံးဒိတ်လုပ်တဲ့အခါ ချစ်ရသူကို ခေါ်မသွားသင့်တဲ့ နေရာမျိုးတွေရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။ကဗျာရွတ်ပွဲ

ကိုယ်က ကဗျာတွေကို ချစ်လို့၊ ကဗျာရွတ်ပွဲ သွားချင်တယ်ဆိုရင်လည်း တစ်ယောက်တည်းသွားတာ ကောင်းပါတယ်။ ပထမဆုံးဒိတ်လုပ်တဲ့အချိန် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကြည်နူးရမယ့်အချိန်မှာ ကဗျာရွတ်ပွဲမှာ ကိုယ့်ဘေးနားထိုင်နေရမယ့် သူ့အဖြစ်ကို စဉ်းစားကြည့်ပါဦး။ သူကလည်း ကဗျာတွေကို သိပ်ချစ်တဲ့သူဆိုရင်တော့ တစ်မျိုးပေါ့။

၂။သူငယ်ချင်းရဲ့ ဘတ်ဒေးပါတီ

သူနဲ့ကိုယ်က ခုမှ ချစ်သူဖြစ်မှာ။ ဒါကို ကိုယ့်သူငယ်ချင်းရဲ့ ဘတ်ဒေးပါတီ ခေါ်သွားပြီး မသိသေးတဲ့ ကိုယ့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေး၊ ကိုယ်ဟေးလားဝါးလား လုပ်နေချိန်မှာ တစ်ယောက်တည်း အူကြောင်ကြောင်ဖြစ်နေမယ့် သူမရဲ့ အနေအထားကို စဉ်းစားပေးပါ။

၃။ကလပ်

ပါတီတွေ၊ ကလပ်တွေက ဆူညံပြီး ရှုပ်ထွေးလွန်းတာကြောင့် နှစ်ယောက်တည်း ကောင်းကောင်းစကားပြောဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

၎။မိဘအိမ်

ပထမဆုံး ချိန်းတွေ့တာကို မိဘအိမ်မှာ ချိန်းတွေ့မယ်ဆိုရင်တော့ ဒါဟာ တော်တော်လေး အူကြောင်ကြောင်နိုင်တဲ့ အဖြစ်ပါပဲ။ မိဘဖြစ်သူတွေရဲ့ အမှာစကားခြွေတာကို နားထောင်ပြီး ပြန်ရုံပေါ့။

၅။အလုပ်စကားပြောရမယ့်နေရာ။

သူနဲ့မတွေ့ခင် အလုပ်စကားပြောဖို့ အသိတစ်ယောက်နဲ့ ချိန်းထားပြီး အဲ့ဒီနောက် သူ့ကိုအချိန်မခွာဘဲ ခုနဆိုင်ကိုပဲ ချိန်းလိုက်တယ်ဆိုရင်တော့ ဒါဟာ ကိုယ့်ချစ်သူကို သီးသန့်အချိန်တောင် မပေးနိုင်ဘူးလို့ ပြလိုက်တာပါပဲ။

၆။ဂိမ်းဆိုင်

ကိုယ်သွားနေကျ ဂိမ်းဆိုင်မှာ ချစ်သူကို ခဏလေးထိုင်စောင့်ခိုင်းပြီး ဆော့တာတို့၊ ဒါမှမဟုတ် သူငယ်ချင်းအိမ်တစ်အိမ်မှာ သူငယ်ချင်းတွေနဲ့ ဂိမ်းဆော့နေတာကို ချစ်သူက ထိုင်စောင့်နေရတာမျိုး မဖြစ်ပါစေနဲ့။

၇။လူများလွန်းတဲ့ ရှော့ပင်းမော

လူတွေ တိုးကြိတ်နေတဲ့ ရှော့ပင်းမောမှာ ချစ်တွေ့တာမျိုးကလည်း ကြံရာမရဖြစ်ပြီး ချိန်းလိုက်ရတဲ့သဘောမျိုး သက်ရောက်တာမို့ ရှောင်ဖို့လိုအပ်ပါတယ်။

Trend Myanmar