ခြင်၊ ယင်၊ ပိုးဟတ်တွေကို နေ့စဉ်လိုက်လံနှိမ်နှင်းပြီး ပတ်ဝန်းကျင်ကို အကျိုးရှိအောင် လိုက်လံပြုလုပ်ပေးနေတဲ့ ချီးကျူးလေးစားဖွယ် အသက် ၈၀ အရွယ် ဘွားဘွား

ပို့စ်တင်ချိန် - 4/29/2014 05:03:00 PM


တရုတ်နိုင်ငံ၊ ဟန်ဇူးမြို့မှာနေထိုင်တဲ့ အသက်(၈၀) နှစ်အရွယ်ရှိ ရူအန်တန် အမည် ရှိတဲ့ အဘွားအိုဟာ အသက်ရှင်နေစဉ် ကာလ အတွင်းမှာ ပတ်ဝန်းကျင်ကိုအကျိုးရှိစေမယ့် အလုပ်တစ်ခု လုပ်ဆောင်သွားဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ရူအန်တန်ဟာ အလုပ်တစ်ခု ကနေ အနားယူပြီးတဲ့နောက် ပြီးခဲ့တဲ့ (၁၄)နှစ်တာ ကာလအတွင်း နေ့စဉ်နေ့တိုင်း ပတ်ဝန်းကျင် ကို အကျိုးရှိစေမယ့် အလုပ်တစ်ခုခဲ့ပါတယ်။ အဲဒါကတော့ ပတ်ဝန်း ကျင်မှာရှိနေတဲ့ ခြင်၊ ယင်၊ ပိုးဟတ်တွေကို လိုက်လံနှိမ်နင်းခြင်းပဲ ဖြစ်ပါတယ်။ ရူအန်တန်ဟာ တစ်နေ့ကို ခြင်၊ ယင်၊ ပိုးဟတ်(၁၀၀၀)ကျော်ကို နှိမ်နင်းလေ့ရှိ ပါတယ်။ ဒီလိုလုပ်ရာမှာ တစ်နေ့ကို ရှစ် နာရီခန့် အချိန်ယူရလေ့ရှိတယ်လို့ သိရပါ တယ်။ ရူအန်တန်ဟာ ခြင်၊ ယင်၊ ပိုးဟတ် တွေကို နှိမ်နင်းတဲ့ ရိုက်တံ လေးကို ကိုင်ဆောင်ပြီး မြို့အနှံ့လျှောက်သွားကာ နှိမ်နင်းနေ ခြင်းဖြစ်ပါတယ်။ ပတ်ဝန်းကျင်က လူတွေ ကလည်း ရူအန်တန်ရဲ့ အပြုအမူကို ချီးကျူးခဲ့ကြ သလို တရုတ် မီဒီယာ တွေကလည်း တခမ်းတနား ရေးသားဖော်ပြခဲ့ကြပါတယ်။ ရူအန်တန်က ကျွန်မအလုပ်ကနေ အနားယူပြီးတဲ့နောက်မှာ ပတ်ဝန်းကျင်ကို ဘယ်လိုအကျိုးရှိအောင် လုပ်ပေးမလဲဆို တာ စဉ်းစားခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတတ်နိုင် တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ခြင်၊ ယင်၊ ပိုး ဟတ်တွေကို နှိမ်နင်းတာဟာ ကျွန်မနဲ့ အကိုက်ညီဆုံး အလုပ်တစ်ခု ဖြစ်ပါတယ်။ ဒီအလုပ်ကို နေ့စဉ် လုပ်နေပါတယ်”” လို့ ပြောကြား သွားခဲ့ပါတယ်။ တရုတ်မီဒီယာ တွေကတော့ ရူအန်တန်ဟာ ပြည်သူတွေ အတွက် ရောဂါဘယတွေ ဖြစ်စေနိုင်တဲ့ ခြင်၊ ယင်၊ ပိုးဟတ်တွေကို နှိမ်နင်းမှုပြုလုပ်နေကြောင်း ကို ရေးသားဖော်ပြမှုတွေ မကြာခဏ ပြုလုပ်ခဲ့ပါတယ်။ ရူအန်တန် ကလည်း အိမ်နီးနားချင်းတွေကို ကူညီခွင့်ရလို့ ဂုဏ်ယူမိကြောင်း ပြောကြားသွားခဲ့ပါတယ်။ အိမ်နီးနားချင်း ဖြစ်သူ အသက် (၅၈) နှစ် အရွယ်ရှိ ဂျီအမ်က လည်း ရူအန်တန်ဟာ ပျံသန်းနေတဲ့ အင်းဆက် ပိုးမွှား တွေကို နှိမ်နင်းရာမှာ အလွန်ကျွမ်းကျင်ကြောင်း ချီးကျူးစကားဆိုခဲ့ပါတယ်။
The Messenger