မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ အများပြည်သူကို ရှယ်ယာ ထုတ်ရောင်း

ပို့စ်တင်ချိန် - 4/07/2014 03:48:00 PM


မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်မှု အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီဟာ နဂိုက ရုပ်ရှင်လောက သားတွေကိုပဲ ရောင်းချပေးခဲ့တဲ့ အစုရှယ်ယာတွေကို ဧပြီ ၁ ရက်နေ့က စပြီး အများပြည်သူကို ထုတ်ရောင်းပေးနေပြီးလို့ ရုံးအဖွဲ့ရဲ့ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

Film Associationပြီးခဲ့တဲ့ မတ်လဆန်းက အများပိုင်ကုမ္ပဏီဟာ ရုပ်ရှင်လောကသားတွေကို ၁ စု ကျပ် ၁ သောင်းတန် အစုပေါင်း ၁ သိန်းခွဲ ရောင်းချခဲ့ရာမှာ အများစု ရောင်းချပြီးခဲ့ပြီလို့ သိရပါတယ်။

အခု လက်ကျန် အစုရှယ်ယာ ၅ ထောင်ကျော် အများပြည်သူတွေကို ရောင်းချပေးတာ ဖြစ်ပြီး ရောင်းကုန်တယ်ဆိုရင် နောက်ထပ် အစုရှယ်ယာ ထုတ်ရောင်းဦးမယ်လို့ ဆိုပါတယ်။

ဒီ ရလာတဲ့ငွေတွေကို ရင်းနှီးမတည်ပြီး လှိုင်သာယာ စက်မှုဇုန် ၂ မှာ စင်ကာပူက မှာယူထားတဲ့ ဒီဗွီဒီအခွေထုတ် စက်ရုံကြီး ၁ ခု တည်ဆောက်သွားမယ်လို့ ကုမ္ပဏီက ထုတ်ပြန် ကြေညာထားပါတယ်။

DVB Burmese