ဘယ်သူ မိုက်ရူး သလဲ

ပို့စ်တင်ချိန် - 4/23/2014 02:42:00 PM



အရက်ဘား တစ်ခုမှာပေါ့။ လူတစ်ယောက် ဝင်လာပြီး တီဗီကို လှမ်းကြည့် လိုက်တယ်။ တီဗီမှာ တိုက်ပေါ်ကနေ ခုန်ချဖို့ ပြင်နေတဲ့ သေကြောင်းကြံသူ အကြောင်း သတင်းလာနေတာပါ။

အရက်သမား တစ်ဦးက ပြောပါတယ်။ "ဒီလူ ခုန်ချမှာမဟုတ်ဘူးဗျ"

ဒီတော့ ဝင်လာတဲ့ တစ်ယောက်က ခပ်ပြုံးပြုံးနဲ့ "ခုန်ချမှာပါဗျာ"

ဒီတော့ အရက်သမားက "ဟင့်အင်းမခုန်ချဘူး"

ဒီတော့ အမျိုးသားက " အိုကေလေ။ ဒါဆို ဒေါ်လာ ၂၀၀ ကြေးလောင်းမယ်" လို့စိန်ခေါ်လိုက်တယ်။

အရက်သမားကလည်း ဒေါ်လာ ၂၀၀ ချက်ချင်း စားပွဲပေါ် တင်လိုက်တယ်။

မကြာပါဘူး။ သတင်းထဲက သေကြောင်းကြံဖို့ကြိုးစားနေသူ တိုက်ပေါ်က တကယ် ခုန်ချသွားပါတယ်။

ဒီတော့ နောက်မှဝင်လာတဲ့အမျိုးသားက "ခများပိုက်ဆံ ကျနော်မယူပါဘူး။ ဒီသတင်းကို ကျနော်မနက်က ကြည့်ပြီးပြီ။ ဒါနောက်တစ်ခေါက် ထပ်ပြတာပါ။ ကျနော် တရားမျှတချင်ပါတယ်"

ဒီတော့ အရက်သမားက -

"ဟုတ်ဘူး။ ကျနော်လည်း မနက်က ကြည့်ပြီးသွားပြီ။ သူနောက်တစ်ခေါက် ပြန်ခုန်ချရလောက်အောင် မမိုက်မဲဘူးထင်လို့"

-
သင်ခန်းစာ -

လူအချို့ ဟာ သူများ မိုက်ရူးရဲမှုကိုပဲ စောင့်ကြည့် ဝေဖန်ကြတယ်။ ကိုယ့်ရဲ့  မိုက်ရူးရဲဆန်မှုကို သတိမထားမိကြဘူး။ လောဘရဲ့ ဖုံးလွမ်းမှု ကြောင့်လဲ အမှန်ကို မမှန် မြင်တတ် ပါသေးတယ်။

--
Ref: jokesome

အောင်ခမ်း (ရိုးရာလေး)