ရိုဟင်ဂျာ ထည့်သွင်းဖော်ပြခွင့်မပေးတာ အမျိုးသားအကျိုးစီးပွားအတွက်ကြောင့်ဟုဆို (မေးမြန်းချက်)

ပို့စ်တင်ချိန် - 4/03/2014 05:26:00 PM


Census2014သန်းခေါင်စာရင်းမှာ ဘင်္ဂါလီတွေကို ရိုဟင်ဂျာလူမျိုးလို့ ထည့်သွင်းဖော်ပြခွင့်မပြုတာဟာ နိုင်ငံတကာစံနှုန်းပြင်ပက အမျိုးသားအကျိုးစီးပွားအတွက် ဖြစ်တယ်လို့ ပြည်သူ့အင်အားဦးစီးဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောပါတယ်။

ကုလသမဂ္ဂလူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ (ယူအန်အက်ဖ်ပီအေ)က မြန်မာအစိုးရဟာ သန်းခေါင်စာရင်း ကောက်ယူရာမှာ သူတို့နဲ့ သဘောတူထားတဲ့ နိုင်ငံတကာစံနှုန်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ ပြောဆိုချက်အပေါ် သူက ခုလို တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သန်းခေါင်စာရင်း ကောက်ခံတာကို ငြင်းဆန်သူတွေနဲ့ သန်းခေါင်စာရင်းကောက်လို့ မရတဲ့ ဒေသတချို့က လူတွေကို ချန်-ကျန် လူဦးရေလို့ သတ်မှတ်တယ်။ ချန်-ကျန် လူဦးရေဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ချန်ခဲ့ရတဲ့ လူဦးရေ၊ ကျန်ခဲ့ရတဲ့ လူဦးရေကို ဆိုလိုတယ်။ နိုင်ငံတကာမှာလည်း အလားတူ ရှိပါတယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။
အသံဖိုင် နားဆင်နိုင်ပါတယ်


DVB Burmese