လားရှိုးမြို့ ရေပေးဝေရေး ရေကန်တစ်ကန်တွင် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံး

ပို့စ်တင်ချိန် - 4/27/2014 02:45:00 PM


လားရှိုး၊ ဧပြီ ၂၅

ဧပြီလ ၂၄ရက်နေ့ ၊ နံနက် ၈နာရီခန့် က လားရှိုးမြို့ ၊ ရပ်ကွက် (၅)၊ ရေကန်တောင်၊ ရေကန်အမှတ် (၃) တွင် အမည်မသိ အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးနေသည်ကို တွေ့ ရှိခဲ့ရကြောင်း သိရသည်။




ဖော်ပြပါအချိန်တွင် စည်ပင်ဝန်ထမ်း တစ်ဦးက အဆိုပါ ရေကန်အမှတ် (၃) အနီးမှ ဆိုင်ကယ်စီးလာစဉ် ရေနစ်နေ သော အမျိုးသမီးကို တွေ့ ရှိခဲ့ရာ ရေကန်တောင်အစောင့်များကို အကြောင်းကြားပြီး ၀ိုင်းဝန်း ဆယ်ယူခဲ့သော်လည်း အသက်ကယ်တင်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားမှုသတင်းအရ လားရှိုးမြို့ မှရဲစခန်းမှ ဒုရဲမှူးမြင့်သိန်း ဦးစီးသောအဖွဲ့ က သွားရောက်စစ်ဆေးခဲ့ပြီး မြို့ နယ်အထောက်အကူပြုကော်မတီ အဖွဲ့ ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကာ လူငယ် သာရေးနာရေး ကူညီမှုအသင်းက အဆိုပါအမျိုးသမီး၏ ရုပ်အလောင်းကို လားရှိုးပြည်သူ့ ဆေးရုံသို့  ပို့ ဆောင်ပေးခဲ့ ကြောင်း သိရသည်။

တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ သေဆုံးသူ အသက် (၃၀) အရွယ်၊ ရှမ်း/တရုတ်လူမျိုးဟု ခန့် မှန်းရသူ ဆံပင်ရှည်၊ အသားဖြူ အမျိုးသမီးသည် ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးသည့် လက္ခဏာကို တွေ့ ရှိ ရသည့် အတွက် လားရှိုးမြို့ မရဲစခန်းက သေမှု သေခင်း အမှတ်စဉ် (၈/၁၄) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိပြီး အမည်နှင့်နေရပ်လိပ်စာကို စုံစမ်းဆဲ ဖြစ်ကြောင်း သိရသည်။

ရေကန်အမှတ် (၃) သည် မြို့ ရေပေးဝေရာတွင် အသုံးပြုနေသော ရေကန်ဖြစ် သည့်အတွက် ယခုကဲ့သို့  ရေနစ် သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် တာဝန်ရှိသူများက အဆိုပါရေကန်သန့် ရှင်းရေးကို မည်သို့ ဆောင်ရွက်သွားမည်ကို ပြည်သူလူထုက စိတ်ဝင်စားနေကြပြီး ရေကန်တောင်ရှိ ရေကန်ကြီးများတွင် ရေနစ်သေဆုံးမှုမရှိနိုင်အောင် စီစဉ် ဆောင်ရွက်ပေးစေလိုကြကြောင်း သိရသည်။

Lashio News Diary