မောင်းနှင်ထွက်ခွာသည့် ရထားရှေ့သို့ ပလက်ဖောင်းပေါ်မှ ခုန်ချသဖြင့် ရထားကြိတ်ခံရ၍ သေဆုံး

ပို့စ်တင်ချိန် - 4/16/2014 04:26:00 PM


ရန်ကုန်၊ ဧပြီ ၁၆

၁၆.၄.၂၀၁၄ ရက်နေ့ ၀၇၄၅ အချိန်တွင် ကမာရွတ်မြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် ကမာရွတ်မြို့နယ်၊ လှည်းတန်းဘူတာတွင် လူတစ်ဦးရထားတိုက်ခံရပြီး သေဆုံးသွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဦးခင်မောင်လင်း၊ (၅၁)နှစ်၊ (၃)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နေသူဖြစ်ပြီး ၀ဲပေါင်ပြတ်၊ ယာလက်ပြတ်၊ ယာပေါင်ကြေမွ၊ နဖူးပေါက်ပြဲဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို
တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၀၇၃၀ အချိန်ခန့်က စက်ခေါင်းအမှတ် DF-1221.63 ရန်ကုန်-ပြည် အဆန် စာပို့ရထားမှာ လှည်းတန်းဘူတာမှ မောင်းနှင်
ထွက်ခွာစဉ်၎င်းသည် ဘူတာပလက်ဖောင်းပေါ်မှရထားရှေ့သို့ခုန်ချခဲ့သဖြင့် ရထားကြိတ်မိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့မရဲစခန်း သေမှုသေခင်း
အမှတ်စဉ် (၄/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police