ကမ္ဘာ့အကြီးဆုံး ရွေးကောက်ပွဲကြီးကို အိန္ဒိယနိုင်ငံ ယနေ့ စတင်ကျင်းပ

ပို့စ်တင်ချိန် - 4/07/2014 02:27:00 PM


ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ ဒီနေ့ ဧပြီ ၇ ရက်နေ့ မှာ သူတို့ နိုင်ငံရဲ့ ရွေးကောက်ပွဲကြီးကို စတင်ကျင်းပလိုက်ပါပြီ။ မဲပေးပိုင်ခွင့်ရှိသူ လူဦးရေ သန်းပေါင်း ၈၁၄ သန်းရှိတဲ့အတွက် ဒီရွေးကောက်ပွဲကြီးဟာ ကမ္ဘာ့သမိုင်းရဲ့ အကြီးမားဆုံးရွေးကောက်ပွဲကြီး ဖြစ်လာပါတယ်။

တနလာင်္နေ့ မနက်အစောပိုင်းမှာပဲ နိုင်ငံရဲ့ အရှေ့ မြောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့ အက်ဆန်းနဲ့ ထရီပူယာ ပြည်နယ်တွေမှာ မဲပေးခြင်းကို စတင်နေပြီဖြစ်ပါတယ်။ မဲပေးဖို့ အဝေးကနေ ပြန်လာသူတွေနဲ့ အိန္ဒိယနိုင်ငံ အဝေးပြေးလမ်းမကြီးတွေမှာ ပြည့်နှက်နေပြီး ပြည်နယ်နှစ်ခုလုံးလှုပ်လှုပ်ရှားရှားဖြစ်နေပါတယ်။

နိုင်ငံရဲ့ မဲပေးပိုင်ခွင့်ရှိသူ လူဦးရေသန်းပေါင်း ၈၁၄ သန်းဟာ နောက်ထပ် ရက်သတ္တပတ်ငါးပတ်အကြာ ဆန္ဒမဲ ပေးခွင့်ရှိမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲတွေဟာ ယေဘုယျအားဖြင့် တရားမျှတလွတ်လပ်မှုရှိပြီး မဲပေးသူတွေရဲ့ အခွင့်အာဏာကိုလည်း အပြည့်အ၀ရရှိကြတယ်လို့ နိုင်ငံတကာသတင်းဌာနတွေက သုံးသပ်ထားပါတယ်။ ဒါပေမယ့် လူဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယရွေးကောက်ပွဲအတွက် စိန်ခေါ်မှုတွေတော့ ကျန်ရှိပါသေးတယ်။ ရှေးရိုးစွဲအယူအဆတွေ၊ အိမ်ထောင်ဦးစီးက အာဏာအရှိဆုံးဆိုတဲ့ အယူအဆတွေနဲ့  မိမိအမျိုးကောင်းစားရေးဆိုတဲ့ အယူအဆတွေကြားမှာ အခက်အခဲအနည်းငယ်ကြုံတွေ့ ရလိမ့်မယ်လို့ ခန့် မှန်း ထားပါတယ်။

အိန္ဒိယနိုင်ငံရွေးကောက်ပွဲမှာ ဟိန္ဒူအမျိုးသားရေးဝါဒီနဲ့ ဘီဂျေပီပါတီ ခေါင်းဆောင် နာရန်ဒရာ မိုဒီနဲ့ ကွန်ဂရက်ပါတီ ခေါင်းဆောင် နေရူးဂန္ဒီ မိသားစုဆက်ခံသူ ရာဟူးလ်ဂန္ဒီတို့ ယှဉ်ပြိုင်ကြမှာပါ။ ရွေးကောက်ပွဲ ရလဒ်တွေကိုတော့ မေလ ၁၆ ရက်နေ့ မှာ သိရမယ်လို့ ကြေငြာထားပါတယ်။

Ref: time.com
Trend Myanmar