ဂျပန်မှာ ကြက်ငှက်တုတ်ကွေးရောဂါ ဖြစ်ပွား

ပို့စ်တင်ချိန် - 4/14/2014 03:46:00 PM

ဓာတ်ပုံ - အင်တာနက်

ဂျပန်နိုင်ငံမှာ ကြက်ငှက်တုတ်ကွေးရောဂါတွေဖြစ်ပွားနေတယ်လို့ အာဏာပိုင်တွေက အတည်ပြု ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံတောင်ပိုင်းက ကြက်ခြံတစ်ခုမှာ ကြက်ငှက်တုတ်ကွေး ရောဂါဖြစ်ပွားနေတာကို အာဏာပိုင်တွေက စမ်းသပ်သိရှိရပြီးနောက်ပိုင်း ကြက်အကောင်ပေါင်း တစ်သိန်း တစ်သောင်းကျော်ကို သတ်ပစ်ဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

အာဏာပိုင်တွေက Kumamoto ဒေသမှာရှိတဲ့ ကြက် အကောင်ပေါင်း ငါးသောင်းကျော်ရှိတဲ့ ကြက်ခြံတစ်ခြံက ကြက်တွေကို DNA စမ်းသပ်ပြုလုပ်ရာကနေ H5 အမျိုးအစား ကြက်ငှက်တုတ်ကွေးရောဂါကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

အခုလို ရောဂါ တွေ့ရှိပြီးနောက်ပိုင်း အဲဒီကြက်ခြံက ကြက်အကောင်ပေါင်း ငါးသောင်းကျော်နဲ့ တခြားကြက်ခြံတစ်ခြံက ကြက်အကောင်ပေါင်း ငါးသောင်းကျော်တို့ကို သတ်ပစ်ဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့တာဖြစ်ပါတယ်။
အခုတကြိမ်ဖြစ်ပွားတဲ့ ကြက်ငှက်တုတ်ကွေးရောဂါဟာ ဂျပန်နိုင်ငံအတွက် သုံးနှစ်အတွင်း ပထမအကြိမ် ထပ်မံဖြစ်ပွားနေတာဖြစ်ပါတယ်။

ABC Radio Australia - မြန်မာပိုင်း