ဟားခါးမြို့၌ မီးလောင်မှု ဖြစ်ပွား

ပို့စ်တင်ချိန် - 4/16/2014 10:07:00 AM


ဟားခါးမြို့ ပြည်တော်သာ ရပ်ကွက် ဟားခါး- ဂန့်ဂေါလမ်း အိမ်အမှတ် (၃၀၉) နေ ဦးခွာထောင်း (၈၀ နှစ်)၏ နေအိမ်တွင် ဧပြီ ၁၃ ရက် ည ၉ နာရီ မိနစ် ၄၀ ခန့်က ဖယောင်းတိုင် မီးမှတစ်ဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ရာ ဦးခွာထောင်းအိမ်အပါအဝင် အိမ်သုံးလုံး မီးလောင်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ မီးလောင်ရာသို့ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူတို့က မီးသတ်ယာဉ် သုံးစီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ရာ ၁၀ နာရီခွဲခန့်က မီးညွန့် ကျိုးသွားခဲ့သည်။ မီးလောင်မှုကြောင့် ဦးခွာထောင်းမှာ မီးလောင် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး လေးဦးမှာ ဒဏ်ရာ ရရှိသဖြင့် ဟားခါး ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

MOI Webportal Myanmar