ပျောက်ဆုံးလေယာဉ်ကို လူမဲ့အသေးစားရေငုပ်သဘောင်္ဖြင့် ရှာဖွေရာတွင် အချိန်အားဖြင့် နှစ်လကြာနိုင်

ပို့စ်တင်ချိန် - 4/16/2014 01:06:00 PM


ပျောက်ဆုံးမလေးရှားလေယာဉ်ကို အမေရိကန်ရေတပ်ပိုင် မောင်းသူမဲ့ အသေးစားရေငုပ်သဘောင်္ဖြင့် အိန္ဒယသမုဒ္ဒရာကြမ်းပြင်တစ်လျှောက် ရှာဖွေရာတွင်အချိန်ကာလအားဖြင့် နှစ်လကြာနိုင်ကြောင်း၊ ပျောက်ဆုံးလေယာဉ် ပျက်ကျသည်ဟု ယူဆကြသော သမုဒ္ဒရာကြမ်းပြင်အကျယ်အ၀န်းမှာ ၆၀၀ စတုရန်းကီလိုမီတာရှိသည့်အတွက် ပိုက်စိပ်တိုက် ရှားဖွေချိန် မှာ နှစ်လခန့်ကြာရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဧပြီ ၁၅ ရက်က ပြောကြားသည်။

အသေးစားရေငုပ်သဘောင်္အား ပျောက်ဆုံးလေယာဉ်ရှာဖွေရေးတွင် စတင်အသုံးပြုလိုက်ခြင်းသည် ရှာဖွေရေးပုံစံသစ်တစ်ရပ်ကို စတင် လိုက်ခြင်းဖြစ်ကြောင်း၊ ၎င်းအသေးစားရေငုပ်သဘောင်္သည် သြစတြေးလျသင်္ဘောပေါ်တပ်ဆင်ထားသော အသံလှိုင်းထောက်လှမ်းစက် PingerLocatorထက်ရေအောက်ရှာဖွေရေးတွင် ခြောက်ဆ
ခန့်နှေးကွေးကြောင်း၊ ထို့ကြောင့် ယခုသတ်မှတ်ထားသည့် ရှာဖွေနယ်နိမိတ်တစ်ခုလုံးကို ရှာဖွေမှုပြုသည့်အခါ ရက်သတ္တခြောက် ပတ်မှ နှစ်လအထိကြာနိုင်သည်ဟု ကျွမ်းကျင်သူများက တွက်ချက် ထားကြောင်း အမေရိကန်ရေတပ်မှပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ဂျေဂျီဒင်နီရယ်အက်စ်စီနစ်ကပြောသည်။

ဧပြီ ၁၅ ရက်စပြီး ဒုတိယအကြိမ်ရှာဖွေမှုစတင်တော့မှာဖြစ်ကြောင်း ဒင်နီရယ်အက်စ်မာစီနစ်ကထပ်လောင်းပြောကြားသည်။

၎င်းရေငုပ်သင်္ဘောငယ်သည် ပင်လယ်ရေမျက်နှာပြင်မှ ပင်လယ်ကြမ်းပြင် သို့ရောက်ရှိရန် နှစ်နှာရီကြာပြီး ပင်လယ်ကြမ်းပြင်မှ ပင်လယ်ရေ မျက်နှာပြင်သို့ပြန်တက်ရာတွင်လည်း နှစ်နာရီကြာကြောင်း၊ ထို့အတူ အချက်အလက်များကို ဒေါင်းလုတ်ယူသည့်အခါတွင်လည်း နာရီပေါင်းများစွာကြာကြောင်း၊ ရေငုပ်သင်္ဘောငယ်နှင့် အတူ ပါရှိသောခေတ်မီဆိုနာက ရှာဖွေနယ်နိမိတ်အတွင်းရှိ အသံလှိုင်းပုံရိပ် တစ်ခုကို အနုစိပ်ပုံဖော်တည်ဆောက်သွားမည်ဟု သိရကြောင်းဆိုသည်။

ယမန်နှစ်က ဂျပန်ကမ်းလွန်တွင် ပျက်ကျသွားသော F-15 ဂျက်တိုက်လေ ယာဉ်ရှာဖွေရာ၌ အသံလှိုင်းဖြင့်ရေအောက် အရာဝတ္တုတို့၏ တည်နေရာကိုရှာဖွေသောကိရိယာဖြစ်သည့် ဆိုနာကပင် အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ရာ ယခုလည်း ၁၆ နာရီဆိုလျှင် ပင်လယ်ပြင်အောက် ရှာဖွေထောက်လှမ်းမှုတစ်ကြိမ်ပြီးမြောက်မည့်ဆိုနာ က ရှာဖွေထောက်လှမ်းမှု စတင် လုပ်ဆောင်နေပြီဖြစ်သည်။ ဖြစ်နိုင်ဖွယ်ရှိသော အပျက်အစီးအပိုင်းအစကို ထောက်လှမ်းရရှိပါက ဆိုနာသည် ပင်လယ်ကြမ်းပြင်မှ ပင်လယ်ရေပြင်ပေါ်ပြန်တက်လာတာ ပင်လယ်ပြင်အောက် တွင် ထောက်လှမ်းရရှိသည့်အတိုင်း ဓာတ်ပုံရိုက်ကူးမှု ပြုလုပ်မည်ဖြစ်သည်။

ယခုအသုံးပြုလျက်ရှိသော ဆိုနာသည် ပင်လယ်ပြင်ကြမ်းပြင်အောက် မာကျောသည့် အရာဝတ္တုများကို ရှာဖွေထောက်လှမ်းရာတွင် အလွန်ကောင်းမွန်သည့် ခေတ်မီစက်ကိရိယာတစ်ခုဖြစ်ကြောင်း၊ ပင်လယ်ကြမ်းပြင်သည်အလွန်နက်သော်လည်း အပျက်အစီး
အပိုင်းအစများ ရှာဖွေရာတွင်ကောင်းမွန်သော အနေအထား တစ်ရပ်ရှိကြောင်း၊ ဆိုနာနှင့်အတူ တွဲဖက်ပါရှိသော ရေငုပ်သင်္ဘောငယ်၏ အဓိက စိန်ခေါ်မှုတစ်ခုမှာ အကောင်းဆုံး ထောက်လှမ်းမှုပြုနိုင်ရန် ပင်လယ်ကြမ်းပြင်၏ ၅၀ ကီလိုမီတာ(၁၆၅ ပေ) အတွင်းရှိနေရန်လိုအပ်ပြီး သတ်မှတ်ထားသော ၄ ဒသမ ၅ ကီလိုမီတာထက် ကျော်လွန်ပါက ပျက်စီးသွားနိုင်ကြောင်း ဂျိမ်းစ်ကွတ်စ်တက္ကသိုလ်မှ ပင်လယ်ပြင်ဆိုင်ရာ ဘူမိဗေဒညာရှင်ဖြစ်သူ ရိုဘင်ဘီမန်က သတင်းထောက်များကိုပြောကြားသည်။

ရှာဖွေနယ်နိမိတ်ကို များစွာချုံ့ပစ်လိုက်ပြီဖြစ်ရာ လက်ရှိရှာဖွေနယ်နိမိတ်မှာ ၆၀၀ စတုရန်းကီလိုမီတာ(၂၃၀စတုရန်းမိုင်)သာရှိတော့ သဖြင့်အရွယ် ပမာဏမှာအလယ်အလတ်မြို့တစ်မြို့၏ ဧရိယာလောက်သာရှိကြောင်း၊ တာဝန်ရှိသူများကလည်း လေကြောင်း၊ရေကြောင်းမှ ရှာဖွေမှုကိုရပ်နား ရန်ဆွေးနွေးနေကြသလို Black Box မှ လာသည်ဟု ယူဆကြသော ဖမ်းယူရရှိထားသည့် အချက်ပြမှုများအပေါ် စိစစ်နေကြဆဲဖြစ်ကြောင်း သိရသည်။

ဘာသာပြန်-ကျော်သဲအိမ်
(ရိုက်တာ)
MOI Webportal Myanmar