ရွှေဂုံတိုင်ဂုံ တံတား အနီးတွင် သင်္ကြန်လည်သည့် ယာဉ်မှ လမ်းလယ် ကွန်ကရစ်တုံးအား ၀င်ရောက် တိုက်မိ

ပို့စ်တင်ချိန် - 4/14/2014 10:25:00 PM


ရန်ကုန်၊ ဧပြီ ၁၄

၁၄.၄.၂၀၁၄ ရက်နေ့ ၀၈၄၅ အချိန် ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်း အတိုင်း တောင်မှ မြောက်သို့ သင်္ကြန် လည်ပတ်ရန် အတွက် ယာဉ်မောင်း ချမ်းမြေ့ဦး ၊ (၂၈)နှစ်၊ (ဘ)ဦးလှမြင့် သုံးခွမြို့နယ်နေသူ မောင်းနှင်လာသော ၈ခ/---- ရှမ်းစတား ဂျစ်အပြာရောင် ကိုယ်ပိုင်ယာဉ်သည် ရွှေဂုံတိုင် ဂုံးတံတား အနီးအရောက် လမ်းလယ် ကွန်ကရစ်တုံးအား ၀င်ရောက် တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် လမ်းလယ် ကွန်ကရစ်တုံးနှင့် ယာဉ်တို့ ပျက်စီးသွားခဲ့ သဖြင့် ယာဉ် မဆင်မခြင် မောင်းနှင်သူ ချမ်းမြေ့ဦးကို ဗဟန်း မြို့မရဲစခန်း (ပ)၃၇/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

MOI Webportal Myanmar