ဖားကန့်က တနိုင် တပိုင် ကျောက်စိမ်းတူးသူတွေကို စစ်တပ်ဖမ်းဆီး

ပို့စ်တင်ချိန် - 4/04/2014 03:09:00 PM



ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ တပိုင်တနိုင်ကျောက် စိမ်း ရှာဖွေတဲ့လူငယ်တွေကို ပုဂ္ဂလိကကုမ္ပဏီတခုက တိုင်ကြားလို့ ဒေသခံစစ်တပ်ကဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး၊ အဲဒီဖြစ်ရပ် ကို NLD အဖွဲ့ကရိုက်ထားတဲ့ သတင်း မှတ်တမ်းဓါတ်ပုံတွေ ဖျက်ဆီးခံလိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့မှာ တပိုင်တနိုင်ကျောက်တူးနေ တဲ့လူငယ်တွေကို တရုတ်လူမျိုးနဲ့ဖက်စပ် တစ်သုံးလုံး ကုမ္ပဏီက ဖမ်းခိုင်းတဲ့အတွက်၊ ဝိုင်းအဖမ်းခံနေရချိန် မှာ မိသားစုတွေက NLD မြို့နယ်တာဝန်ခံတွေကိုအကူအညီ လာတောင်းတယ်လို့ ဖားကန့်မြို့နယ် အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်နန်းဂျာဆန်က ဆို ပါတယ်။ ဒါကြောင့် ဒေါ်န်းဂျာဆန်တို့လိုက်သွားပြီး အဲဒီလိုဖမ်းဆီးခေါ်ဆောင်လာတာကို ဓါတ်ပုံမှတ်တမ်း ရိုက်ထားတာကိုဖျက်ဆီးခံရတာဖြစ်တယ်လို့ RFA ကိုပြော ပါတယ်။

"ဒီဖမ်းထားတဲ့ကားပေါ့နော် လေးဆယ်ကျော်တယ်ပေါ့ အဲ့ဒါလည်း သူကကွန်ပျူတာရိုက်ပြီးမှ မှတ်တမ်းတွေ ယူနေတဲ့အချိန်ပေါ့ သူတို့က မရိုက်နဲ့ ဘာဖြစ်လို့ရိုက်တာ လည်း ပစ်လိုက်မယ် ဘာညာပေါ့ အဲ့ဒီလို မျိုးအော်တော့ အဲ့မှာတစ်ခါတည်းကားကရပ်ပြီးတော့စစ်သားတွေ ပြေးလာပြီးမှ ကျွန်မတို့ကိုလာဝိုက်ထားပြီ ကျွန်မကို အဲ့ဒီမှာ ကိုနောင်လက် က ချက်ချင်းပြောလိုက်တာပေါ့နော် ဒီ NLD ကသတင်းမီဒီယာ မြို့နယ်က ဟုတ်တယ်ဆိုပြီးပြော လိုက်တဲ့အခါမှာ သူတို့ သေနက်ချိန်ထားရာကနေ သေနက်ကတော့ဖယ်လိုက်ပြီ ကိုယ်ထိလက်ရောက် တော့ဘာမှ မလုပ်ပါဘူး၊ အစ်မခဏလေးလိုက်ခဲ့ပေးပေါ့နော်ပြောတော့ ရတယ်လိုက်ခဲ့ပေးမယ် လို့ တစ်သုံးလုံး ကုမ္ပဏီက ကုန်းပေါ်မှာကို ကျွန်မတို့ကုန်းပေါ်ကိုတက်သွားတော့ ဒီပုံတွေ ဖျက်ချင်တယ်တဲ့ ဖျက်မယ်နော် ကျွန်မလည်း ဖျက်ပါလို့လည်းမပြောဘူး မဖျက်နဲ့လို့လည်းမပြောဘူး ဒီအတိုင်းပဲကြည့်နေလိုက်တာ အဲ့ဒီမှာသူ့တပည့် တစ်ယောက်ကိုပေးလိုက်ပြီးကျွန်မတို့မှတ်တမ်းတင်ထားတဲ့ပုံတွေ အကုန်လုံးဖျက်ခံလိုက်ရတယ်"

ဖားကန့်ဒေသတဝိုက်မှာ မနှစ်က စစ်ဖြစ်ထားတဲ့အတွက် ကုမ္ပဏီကြီးတွေရဲ့ ကျောက်တူးလုပ်ငန်းတွေ ရပ်တန့်နေရသလို ဒေသခံတွေကလဲ စားဝတ်နေရေး အခက်အခဲရှိတဲ့အတွက် မိရိုးဖလာ တပိုင်တနိုင်ရှာဖွေနေကြရာမှာ ကုမ္ပဏီကြီးတွေက အခုလိုဖမ်းခိုင်း တာမျိုးတွေမကြာခဏဖြစ်တယ်လို့ဆိုပါတယ်။

အခုဖြစ်ရပ်မှာတော့ ဖမ်းထားတဲ့လူငယ် ၄ဝ ကျော်ကို အားလုံးပြန်လွှတ်ပေးလိုက်တယ် လို့သိရပါတယ်။

RFA Burmese