တောင်ကိုးရီးယား စဲဝေါ်လ် သင်္ဘော နစ်မြုပ်ရခြင်း အကြောင်းများ ထပ်မံ ပေါ်ပေါက်လာ

ပို့စ်တင်ချိန် - 4/20/2014 09:06:00 AM


၁။ ကုန်တင်ကားရဲ့ အလေးချိန်ကို သေချာစွာ မစစ်ဆေးခြင်း။
၂။ ကုန်တင်ကားများကို သင်္ဘောပေါ်တွင် သံကြိုးများဖြင့် လေးဘက်လေလံ ချည်နှောင်ထားရပေမယ့် အရှေ့ အနောက် နှစ်ကြိုးသား ချည်နှောင်ထားခြင်း။
၃။ စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာကို မေးမြန်းတဲ့အခါ စက်ချို့ယွင်းမှုကြောင့် ရုတ်တရက် ကွေ့လိုက်ရကြောင်း။
၎။ ကပ္ပတိန်က သင်္ဘော မှောက်ခါနီးအချိန်တွင် အိပ်ခန်းသို့ ၀င်ရောက်နေခြင်း၊ ကပ္ပတိန်ရဲ့ အမိန့်ကို နာခံခြင်း သိပ်မရှိခြင်းဟု ဆို။

မနေ့က သင်္ဘော ကပ္ပိတိန်၊ စက် အင်ဂျင်နီယာနဲ့ ၀န်ထမ်း တစ်ဦး။ ပေါင်း သုံးဦးကို ဖမ်းမိန့်ထုတ် ဖမ်းဆီးလိုက်ပါပြီ။

ယနေ့ နံနက်ပိုင်း ရာသီဥတုအခြေအနေမှာ လေပြင်းများ တိုက်ခိုက်နိုင်သဖြင့် ကယ်ဆယ်ရေး သင်္ဘောတွေဟာ ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းများကို တိုင်ပင်နေကြောင်း၊

ယခု အချိန်မှာ သင်္ဘောထဲတွင် အလောင်း ၁၀လောင်းတွေ့ရှိရကြောင်း၊ သင်္ဘောထဲသို့ ၀င်ရန် ခက်ခဲနေသေးကြောင်း၊
အခုအချိန်အထိ သေဆုံးသူ ၄၆ ဦးရှိပါပြီ။
ကျန်ရစ်သူ မိသားစုများက ကိုရီးယား အစိုးရရဲ့ လုပ်ဆောင်မှုတွေကို သိပ်အားရခြင်း မရလို့ ယနေ့ နံနက်ပိုင်းမှာ သမတ အိမ်ပြာတော်သို့ ချီတက် ဆန္ဒပြ တောင်းဆိုနေကြောင်း သိရပါတယ။်

နစ်မြုပ်နေသော သင်္ဘောကို ဆယ်ယူ ကယ်ဆယ်နိုင်ရန်အတွက် ၂၄ နာရီ လုပ်ဆောင် ပေးလျက် ရှိနေသလို ကိုရီးယား ရုပ်မြင်သံကြားက နစ်မြုပ်နေသော သင်္ဘောကို ကယ်ဆယ်၊ ဆယ်ယူမယ့် အခြေအနေများကို ဆက်တိုက် ထုတ်လွှင့် ပြသနေပါတယ်။

(Kyaw Zin Facebook)

ခရီးသည်အများအပြားကို တင်ဆောင်လာတဲ့ တောင်ကိုရီးယား ကြိုပို့ရေယာဉ် ဘေးကိုစောင်းပြီး နစ်မြုပ်သွားခဲ့ချိန်တုန်းက ပဲ့ကိုင် မောင်းနှင်နေခဲ့တဲ့ အသက် ၂၆ နှစ်အရွယ် ရေယာဉ်ရဲ့ တတိယအရာရှိဟာ အဲဒီရေပြင်မှာ ပထမဆုံးအကြိမ် မောင်းတာဖြစ်တယ်လို့ တောင်ကိုရီးယား အစိုးရရှေ့နေတွေက ပြောလိုက်ပါတယ်။

ခရီးသည် ၄၇၆ ယောက်ကို တင်ဆောင်လာပြီး တန်ချိန် ၆,၈၀၀ ရှိတဲ့ Sewol ရေယာဉ်ဟာ အနောက်တောင်ဘက်က Jindo ကျွန်း အလွန်မှာ နစ်မြုပ်သွားခဲ့ အပြီး နာရီ ၉၀ နီးပါးအကြာ စနေနေ့နှောင်းပိုင်းမှာ အခုလိုပြောလိုက်တာပါ။

တနင်္ဂနွေနေ့အစောပိုင်း အထိဆိုရင် လူ ၃၆ ယောက် သေဆုံးတယ်လို့ အတည်ပြုထားပြီး ၂၆၆ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပြီးတော့ နောက်ထပ် အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေဖို့ မျှော်လင့်ချက် မှေးမှိန်လာနေပါတယ်။ ခရီးသည် ၁၇၄ ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့ကတည်းက နောက်ထပ် တဦးတယောက်ကိုမှ ထပ်ပြီး မတွေ့ရသေးပါဘူး။

သင်္ဘောမှောက်ချိန်မှာ မာလိန်မှူးဟာ သူ့အခန်းထဲမှာရှိနေပြီး အတွေ့အကြုံမရှိတဲ့ တတိယအရာရှိကို ပဲ့ကိုင်ခိုင်းထားခဲ့တယ် ဆိုတာကိုလည်း စနေနေ့မှာပဲ တာဝန်ရှိသူတွေက အတည်ပြုခဲ့ကြပါတယ်။

VOA Burmese